Showing posts with label ဗေဒင် နက္ခ စာအုပ်များ. Show all posts
Showing posts with label ဗေဒင် နက္ခ စာအုပ်များ. Show all posts

Monday, March 4, 2013

ဂုဏ်ယူပါသည် . . ဆရာကြီး ဒေါက်တာဒဂုန် သို့

ဂုဏ်ယူပါသည် . . ဆရာကြီး ဒေါက်တာဒဂုန် သို့

.
.
မိမိဘ၀တွင် ဗေဒင်ပညာကို သင်ယူရာ၌ “သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ” ဟူ၍ ရှိသည့်အနက် “သင်ဆရာ” မဟုတ်သော်ငြား လည်း “မြင်ဆရာ” များထဲတွင် မိမိအပေါ်၌ ကျေးဇူးအကြီးမားဆုံးဖြစ်သော “ဆရာကြီး ဒေါက်တာဒဂုန်” သည် 2009 ခုနှစ် ဒီဇင်ဘာလတွင် “ရာဇ၀င်ထဲမှာပုဏ္ဏား” စာအုပ်ဖြင့် အမျိုးသားစာပေဆု (သုတပဒေသာ-၀ိဇ္ဇာ) ကို ဆွတ်ခူးနိုင်ခဲ့ခြင်းအတွက် ဆရာ၊ ဆရာ့မိသားစုများ နှင့် အတူ ထပ်တူထပ်မျှ ၀မ်းမြောက်ဂုဏ်ယူမိပါကြောင်း။
ရှေ့ဆက်၍လည်း ကျန်းမာသက်ရှည်စွာဖြင့် စာကောင်းပေမွန်များ ဆက်လက်ရေးသားနိုင်ပြီး စာပေဆုများ အကြိမ်ကြိမ်ရရှိ နိုင်ပါစေဟု ဆုမွန်များစွာဖြင့် တောင်းဆုပြုလိုက်ပါသည်ခင်ဗျား။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
.
= ဆရာကြီး ဒေါက်တာဒဂုန်၏ ကိုယ်ရေး ရာဇ၀င်အကျဉ်းကို အောက်တွင် ဆက်လက်ဖတ်ရှု နိုင်ပါသည်။
.
ဒေါက်တာ ဒဂုန် ၏ ကိုယ်ရေး ရာဇ၀င်အကျဉ်း
= 20.7.1948 ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အဘေးဖြစ်သူမှာ မြန်မာဘုရင် သီပေါမင်းလက်ထက်တွင် “ပညာရှိ ရာဇဂုရု” ဘွဲ့ကို ရရှိခဲ့သော နန်းတွင်းဗေဒင်ပညာရှင် “ဦးစိန္တာ” ဖြစ်သည်။ အဘိုးဖြစ်သူမှာ “ဆရာကြီး ဦးဒေါန” ၊ ဖခင်ဖြစ်သူမှာ “ဆရာကြီး ဦးရာမ” တို့ဖြစ်ပြီး  ပုဏ္ဏားနက္ခတ်ဗေဒင်ပညာရှင်မျိုးရိုးစဉ်ဆက်မှ ပေါက်ဖွားလာသော ပညာရှင်တစ်ဦး ဖြစ်သည်။
= ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်ကို အစွဲပြု၍ အဘိုးဖြစ်သူက “မောင်ဒဂုန်” ဟု ကင်ပွန်းတပ် ပေးခဲ့သည်။ ယနေ့တိုင် ထိုနာမည်ဖြင့် ကျော်ကြားလူသိများလျှက် ရှိပါသည်။
= ၁၉၆၂ ခုမှ စ၍ စာပေလောက ထဲသို့ စတင်ဝင်ရောက်လာခဲ့သည်။ ကဗျာ၊ စာညွှန်း၊ ဆောင်းပါး၊ ပုံပြင်၊ ၀တ္တုတို၊ ဗေဒင်ပညာ ကျမ်းများ၊ ဘာသာရေးစာပေများစွာကို “ကလောင်အမည်အမျိုးမျိုးဖြင့်” ရေးသားခဲ့သည်။ ယနေ့အချိန်အထိ “ဗေဒင် နက္ခတ်” ကျမ်းပေါင်း (၁၀၀)ကျော်၊ ဘာသာရေး နှင့် တက်ကျမ်းပေါင်း (၈၀)ကျော်၊ အခြားအတွေးအခေါ် စာအုပ်ပေါင်း (၃၀)ကျော်ကို ရေးသားခဲ့ပြီးဖြစ်သည်။
= ဇောတိသဝေဒ မဂ္ဂဇင်း၊ ဝေဒင်္ဂမဂ္ဂဇင်း များ၌ “အယ်ဒီတာချုပ်” အဖြစ်၊ နှစ်ပေါင်းများစွာ တာဝန်ယူ ထမ်းဆောင်ခဲ့သည်။
= နက္ခတ်ဗေဒင်ပညာရပ်ကြောင့် အိန္ဒိယနိုင်ငံမှာ ၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံတွင် “ပထမဆုံးသော နက္ခတ်ဗေဒင် ပါရဂူဘွဲ့” (Ph.D)(Astrology) ကိုလည်းကောင်း၊ ၂၀၀၇ ခုနှစ်တွင် “လောကီအစီအရင်ပညာ ပါရဂူဘွဲ့” (Ph.D) (Tantra) အား လည်းကောင်း လက်ခံရရှိခဲ့သည့်အပြင်၊ နက္ခတ်ဗေဒင်ပညာနှင့် ပက်သတ်ပြီး ဆုတံဆိပ်ပေါင်း (၁၃)ဆုကို လည်းကောင်း၊ ဂုဏ်ထူးဆောင် လက်မှတ်ပေါင်း (၁၁)ခု များကိုပါ ရရှိခဲ့သည်။
= ဆုချီးမြှင့်သော တက္ကသိုလ်တွင် “နက္ခတ်ဗေဒင် ပါမောက္ခ” အဖြစ် တာဝန်ပေးအပ် ခံခဲ့ရပါသည်။ ယခုလောလောဆယ်အားဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကျောင်းအုပ်ကြီး အဖြစ် တာဝန်ထမ်းဆောင်လျှက် ရှိပါသည်။
= အမှတ်(၁၇၅) သိမ်ဖြူလမ်း၊ ကန်တော်ကလေးရပ်ကွက်၊ ရန်ကုန်မြို့တွင် မိသားစုနှင့် အတူနေထိုင်ပြီး ဗေဒင်ပညာပို့ချခြင်း၊ စာပေရေးသားခြင်း၊ ဗေဒင် ပညာပေး စာအုပ်များ ထုတ်ဝေခြင်း၊ ဗေဒင်ဟောပြောခြင်းများကို ဆောင်ရွက်လျှက် ရှိပါသည်။
= ဆက်သွယ်ရန် – ဖုန်း/ ၀၉ ၅၁၁၃၀၅၈ (နံနက် ၈ နာရီ မှ ၁၁ နာရီ အတွင်းသာ)

Sunday, January 13, 2013

ဂမ္ဘီရ စာအုပ်များ

ဂမ္ဘီရ စာအုပ်များ ယူလိုပါက

ဒီမှာ   download  ဆွဲပါ

ဗေဒင် နက္ခ စာအုပ်များ

ဗေဒင် နက္ခ စာအုပ်များ

ဒီမှာ  download  ဆွဲးပါ

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management