Showing posts with label မှူခင်းများ. Show all posts
Showing posts with label မှူခင်းများ. Show all posts

Thursday, April 4, 2013

မြန်မာစစ်တပ် ပစ်ခတ်၍ ထိုင်းစစ်သား တဦးသေဆုံး

ထိုင်း-မြန်မာ နယ်စပ်တွင် မေလ ၁၉ ရက်နေ့က မြန်မာ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ထိုင်းစစ်သား တဦး သေဆုံးကြောင်း သိရသည်။ 

မယ်ဟောင်ဆောင် ခရိုင် အတွင်းရှိ မယ့်စရီယမ် မြောက်ပိုင်းတွင် ယင်းသို့ ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ကရင် ဒုက္ခသည် ကော်မတီ (Karen Refugee Committee - KRC) က ထိုင်း ရဲသတင်း ရပ်ကွက်ကို ကိုးကား ပြောဆိုသည်။

နယ်စပ်တွင် မြန်မာဘက် အခြမ်းသို့ ရောက်ရှိ လာသော ထိုင်း ရိန်းဂျား စစ်သားကို မြန်မာ စစ်သားများက မြေမြှုပ်မိုင်း ထိထားသည့် ဒဏ်ရာရသူ ၂ ဦးအား ထိုင်းဘက် အခြမ်းသို့ သယ်ဆောင် သွားရန် ပြောဆို ခဲ့ကြောင်း၊ ထိုင်းစစ်သားက သယ်ဆောင်သွားရန် ငြင်းကြောင်း KRC က ပြောသည်။

“မြေမြှုပ် မိုင်းကြောင့် ဒဏ်ရာ ရတဲ့သူ ၂ ယောက်ကို ထိုင်းဘက် အခြမ်း ဆေးရုံကို ခေါ်သွားဖို့ ထိုင်းစစ်သားက ငြင်းလိုက်တော့ ပစ်ခတ်တာပဲ၊ ထိုင်းစစ်သား သေသွားတယ်” ဟု KRC မှ ဝန်ထမ်း တဦးက ပြောသည်။

အခြား NGO မှ ဝန်ထမ်း တဦးကလည်း ဒေသဆိုင်ရာ ထိုင်းစစ်တပ် အရာရှိကို ကိုးကား၍ ပြောဆိုရာတွင် ပစ်ခတ်ခံရသော စစ်သားသည် စစ်ဝတ်စုံ ဝတ်ဆင် မထားကြောင်း၊ ချင်းမိုင် တက္ကသိုလ်မှ ကျောင်းသားများကို သံလွင်မြစ်သို့ လိုက်လံပို့ဆောင် ပေးနေခြင်း ဖြစ်ကြောင်း ပြောသည်။

ထိုင်း စစ်သားက မြန်မာ စစ်သားများကို ကျောင်းသားများအား ပြန်လည် ပို့ဆောင်ပြီးလျှင် ပြန်လာမည်ဟု ပြောကြောင်း၊ ထိုသို့ ပြောပြီး မော်တော်ဘုတ်သို့ ပြန်လျှောက် အလာတွင် နောက်ကျောဘက်မှ အချက်များစွာ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ထိုင်းတပ်မှူး တဦးက ပြောသည်။

ဤ ပြဿနာ အတွက် ထိုင်းနှင့် မြန်မာ အာဏာပိုင်များ အကြား ဆွေးနွေးမှု ပြုလုပ်ရန် ရှိကြောင်း၊ မြန်မာ စစ်သားများသည် ထိုစဉ်က အရက် သို့မဟုတ် မူးယစ်ဆေး သုံးစွဲထားပုံ ရကြောင်း ထိုင်းတပ်မှူးက ဆက်လက် ပြောကြားသည်။

ယင်းသို့ ဖြစ်ပွားပြီး နောက်တွင် မြစ်ကြောင်း တလျှောက် သွားလာမှုများကို ကန့်သတ် လိုက်ပြီး လုံခြုံရေး တင်းကျပ် ထားကြောင်း မြစ်အနီးရှိ ကရင် ရွာသားများက ပြောသည်။

ညစ်ပတ်သော လူများ၏ အောက်လမ်းနည်းများ..သတိထား.

သတင်းပေး လုပ်မလား ၊ ဗီဒီယို ဖြန့် လိုက်ရမလား
အမေရိကန်နှင့် နိုင်ငံတကာရှိ နိုင်ငံရေး လှုပ်ရှား တက်ကြွသူများ ၏ သားသမီး များ နှင့် မိသားစုဝင်များ မြန်မာနိုင်ငံသို့ တိတ်တဆိတ်ဝင် ရောက် လာလျှင် လှို့ ဝှက် ဖမ်းဆီး ၍ ထုတ်ဖော်ပြောမပြနိုင်လောက် သည့် ကာမဆက်ဆံ မှု စသော စိတ်ပိုင်း ၊ ရုပ် ပိုင်းနာကျင်စေမှုများ လုပ်ပြီး ထို ဖြစ်ရပ် ကို ဗီဒီယို မှတ် တမ်း တင် ထားက ထောက်လှမ်းရေး နှင့်သတင်း တပ်ဖွဲ့ ၏ ခိုင်းစေချက် များ ကို သဘောမတူ ပါက ထို အခွေ ကို အင်တာ နက် တွင် ဖြန့်မည့် အစီအစဉ် မျိုး ရေးဆွဲ ချမှတ် ထား သည် ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင် တစ်ဦး၏ မြန်မာ ၀ီကီ လိခ် သို့ ပေးစာတွင် ဖော်ပြထားသည်။

လွန်ခဲ့သည့်တစ်နှစ် ကျော်က အမေရိကန် နိုင်ငံ နယူးယောက် အခြေစိုက် ဒီမိုကရေစီ လှုပ်ရှား သူ တစ်ဦး၏ အမျိုးသမီး မိတ်ဆွေ တစ်ဦး မြန်မာနိုင်ငံသို့ ပြန်လာ ရာ ဗိုလ်ချုပ်ဈေး တွင် ရဲသတင်းတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး နောက် မည်သို့ အပေး အယူ ပြုခဲ့သည် ကိုမူ မသိရဟု ထိုစာထဲ တွင် ပေး ပို့ သူ ရဲကဖော်ပြထားသည်။ ထိုစာထဲ တွင် ပေးပို့ သူ ဒုရဲအုပ် က ထပ်မံ ရေးသား ထားသည်မှာ အမျိုးသမီး များ အ နေ ဖြင့် သတိထား ဖို့ လိုကြောင်း ငါ့ အဖေ နိုင်ငံရေး လုပ်တာ ၊ ငါလုပ်တာ မဟုတ်ဘူး၊ ငါ့..ယောင်္ကျား နိုင်ငံရေးလုပ်တာ ငါလုပ်တာ မဟုတ် ဘူး ဆိုသည့် စိတ်ကူး မျိုး ဖြင့် လာလျှင် ဖော်ပြ လို့ မရနိုင်လောက် သည့် အရှက်တစ်ကွဲ အကျိုး နည်းမှု မျိုး နှင့် ကြုံမှ ဖြစ်ပြီး ၊ နေရင်း နိုင်ငံ ပြန်ရောက် သွားလာ လျှင် လည်း သတင်းပေး ဘ၀ ဖြင့် အသက် ဆက်ရမည် ဖြစ်သလို သတင်း မပေး ပါကလည်း အရှက် ခွဲခံ ရမည် ဖြစ်သည် ဟု သတိပေးရေး သားထားသည်။

ပြည်ပ ရောက်အတိုက်အခံ နိုင်ငံရေး အသိုင်းအ၀ိုင်း မှ မိန်းကလေးငယ်များ မြန်မာနိုင်ငံပြန်လျှင်သတိထားရန် လိုပြီး စစ်တပ် ဒေါက် တိုင် များက လိင်ပိုင်းဆိုင်ရာ စော်ကားကာ ၎င်း တို့ အတွက်အသုံးချမည်ဖြစ်ကြောင်း သတိပေးထားသည်။ ရဲသတင်း တပ် ဖွဲ့ သည် ထိုကိစ္စ ကို စီစဉ်ရန် အတွက် အမျိုးသားရဲ နှင့် အမျိုးသမီး ရဲ လေးဆယ်ထက် မနည်း ပါသော အဖွဲ့ ကို ဖွဲ့ စည်း ပြီး ချက်ခြင်းဖမ်းဆီးပြီး မည်သူမှ မသိသေးခင်မှာပင် နာရီ ပိုင်း အတွင်း ခြိမ်းခြောက် အကြပ်ကိုင်ရန် စီစဉ် ထားပြီး ဖြစ်သည် ဟု ရေးသားထားသည်။

ရဲအရာရှိ တစ်ဦး ဂမ္ဘီရဆန်ဆန် မိမိကိုယ် ကို မီးရှို့ပူဇော်ရာမှ မီးလောင်သေဆုံး


နေပြည်တော် ကောင်စီ နယ်မြေ အတွင်းရှိ နေပြည်တော် ပျဉ်းမနား တွင် ရဲသတင်း တပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးသည် မိမိကိုယ်ကို ဂမ္ဘီရ လောကမှ အထက်ပုဂ္ဂိုလ် များနှင့် အဆက်အသွယ်ရှိသယောင်၊ ၎င်းကိုယ်တိုင်လည်း ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ဖြစ်သယောင် အမြင်မှားပြီး မိမိကိုယ်ကို မီးရှို့ပူဇော် ရာမှ သေဆုံး ခဲ့သောဖြစ်ရပ်တစ်ခု သြဂုတ် ၂၈ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၂၈ ရက် ညနေ ၃ နာရီ မိနစ် ၃၀ အချိန်ခန့်က နေပြည်တော်ပျဉ်းမနား၊ ရွာကောက်အုပ်စု၊ ပန်းခင်း ရပ်ရွှေဗျိုင်းအင်းဘုန်းတော်ကြီးနှင့် ကိုက် ၂၀၀ ကွာဝေးသော လေးကျွန်းစကြာဘုရားရင်ပြင်အုတ်နံရံ အတွင်းဘက်တွင် အမည်မသိ အမျိုးသားတစ်ဦး မီးလောင် ဒဏ်ရာ များနှင့် သေဆုံးနေ ကြောင်းတွေ့ ရှိရ၍ အမှုအား နေပြည်တော်ပျဉ်းမနား သေမှု သေခင်းအမှတ် ၃၆/၂၀၁၂ အရ စုံစမ်းစစ်ဆေးခဲ့ကြောင်း ရဲမှတ် တမ်းများအရသိရသည်။ အမှုကို စုံစမ်း စစ်ဆေးရာ သေဆုံး သူမှာ သူများ ပယောဂကြောင့်မဟုတ်ဘဲ မိမိကိုယ်ကို မီးရှို့ကာ ပူဇော်မှုပြုခြင်းဖြစ် ကြောင်း၊ ယင်းသည် နေပြည် တော် ရဲသတင်းတပ်ဖွဲ့(SB)မှ ရဲအုပ်တစ်ဦးဖြစ်ကြောင်းသိရပြီး၊ ယင်းမှာ စိတ်ကျန်းမာရေးကောင်း မွန်မှုမရှိဘဲ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် များနှင့် အဆက်အသွယ် ရှိသယောင်ယောင် ကိုယ်တိုင် မီးပူ ဇော်သည့်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် မီးရှို့ခြင်းဖြစ်သည်ဟုဆိုသည်။

ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၏သား မူးယစ်ဆေး ရောင်းဝယ်မှုဖြင့် အဖမ်းခံရ


 မြန်မာ ထိပ်တန်း စစ်ဗိုလ်ချုပ်တဦး၏ သားဖြစ်သူသည် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသည်ဟု စွပ်စွဲခံရပြီး ဖမ်းဆီး ချုပ်နှောင် ခံထားရသည်။ 

စစ်ထောက်လှမ်းရေးများနှင့် ရဲများ ပါဝင်သော ပူးပေါင်းအဖွဲ့ တဖွဲ့က အထူးစစ်ဆင်ရေး (၁) အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်ပိုင် ကြည့်မြင်တိုင်မြို့နယ်ရှိ ကုမ္ပဏီကို ၀င်ရောက်စီးနင်း ရှာဖွေပြီးနောက် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ 

အောင်ဇော်ရဲမြင့်သည် ရုပ်ရှင် အသိုင်းအ၀ိုင်းရှိ နာမည်ကျော်များကို မူးယစ်ဆေးဝါး ရောင်းချနေကြောင်း သံသယရှိသည်ဟု ရဲသတင်း ရပ်ကွက်က ဆိုသည်။ 

စွပ်စွဲခံထားရသူသည် ကြည့်မြင်တိုင်မြို့နယ် ပန်းလှိုင်လမ်းထိပ်ရှိ ရဲတံခွန်တာဝါ အဆောက်အဦရှိ ရဲတံခွန် ဆောက်လုပ်ရေး ကုမ္ပဏီကို ပိုင်ဆိုင်သူ ဖြစ်သည်။ 

အသက် ၂၉ နှစ်အရွယ် အောင်ဇော်ရဲမြင့်ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်အတွင်း ထိန်းသိမ်းထားသည်ဟု ယုံကြည်ရသည်။ 

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးတဦးလည်း အမှုတွင် ပတ်သက်နေမှုဖြင့် အဖမ်းခံထားရသည်ဟု သိရသော်လည်း မဇ္ဈိမအနေဖြင့် မည်သူမည်ဝါ  ဖြစ်သည်ကို ယခုအထိ အတည်ပြု၍ မရသေးပါ။ 

မြန်မာနိုင်ငံရှိ ရုပ်ရှင် အကျော်အမော်များအတွင်း အက်ကစီ၊ ရာဘ ခေါ် ရာမနှင့် ဘိန်းဖြူတို့ သုံးစွဲမှုများ ရှိသည်ကို လူသိများကြသည်။ 

ရန်ကုန်မြို့ လူကုံထံရပ် ၅ လောင်းပြိုင် လူသတ်မှုဖြစ်ပွား (နောက်ဆက်တွဲ)


 ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး လူ ၅ ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည်။
ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တခုတွင် ဖြစ်ပွားသော ပစ်ခတ်မှုတွင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၄ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်း ဖြစ်သည်။
အသတ်ခံရသူ အမျိုးသား၏ အမည်မှာ ဦးချာလီဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်တဦး ဖြစ်ကာ ဖူဂျီကော်ဖီဟောက်စ် ပိုင်ရှင်၏ ယောက္ခမ ဖြစ်သည်ဟု သိရသည်။ အခြား သေဆုံးသူများမှာ ဦးချာလီ၏ ဇနီးသည်၊ သမီး ၂ ဦးနှင့် အိမ်ဖော် ၁ ဦးတို့ ဖြစ်သည်။
အခင်းဖြစ်ပွားသော နေရာသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရသော အိမ်အမှတ် (၅၄) နှင့် နီးကပ်သလို၊ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီးတို့ (၄) ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သော စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာနှင့်လည်း နီးနီးကပ်ကပ် တည်ရှိသောနေရာ ဖြစ်သည်။
စစ်အစိုးရ၏ အစောင့်အကြပ်တပ်များ ထူထပ်ရာ အရပ်သားများ သေနတ်ကိုင်ဆောင်ခွင့် မပြုသော နိုင်ငံတွင် သေနတ်ပစ်ခတ် သတ်ဖြတ်မှုမှာ ရှားပါးလွန်းလှသည်။ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ အိမ်ရာတွင် သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးခဲ့သူ ဦးချာလီ၊ ဒေါ်သန်းသန်းမြင့်တို့မှာ ကျောက်ကုန်သည်များ ဖြစ်ကြသည်။ သေသူများ၏ နေအိမ်မှ ကျပ်သိန်း ၂၀၀၀ ခန့် ပျောက်ဆုံးသွားခဲ့သည်ဟု ယုံကြည်ရကြောင်း ရဲသတင်း ရပ်ကွက်က ပြောသည်။ ရန်ကုန်မှ ပေးပို့သော ကြေးနန်းသတင်းများတွင် ကျပ်သိန်း ၁၀၀၀ ပျောက်ဆုံးသည်ဟု ဆိုသည်။

ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှု သတင်း



ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ ကန်တော်ကြီး ကန်ပတ်လမ်းတွင် ဆောက်လုပ်ထားသော X2O ရေကစားမဏ္ဍပ်၌ ယနေ့ မွန်းလွဲပိုင်း (၃) နာရီခန့်က ဗုံးသုံးလုံး ပေါက်ကွဲခဲ့ပြီး အမျိုးသား (၅) ဦး၊ အမျိုးသမီး (၃) ဦး၊ စုစုပေါင်း (၈) ဦး သေဆုံးခဲ့ကာ အမျိုးသား (၆၄) ဦး၊ အမျိုးသမီး (၃၀) ဦး၊ စုစုပေါင်း (၉၄) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ဖက် နီးစပ်သူများက သတင်းပို့လာပါတယ်။
nurseရန်ကုန်ဆေးရုံကြီးပေါ်မှ အရေးပေါ်လူနာတစ်ဦး
ဗုံးပေါက်ကွဲမှုကြောင့် ရေကစားမဏ္ဍပ်မှာ အေးချမ်းပျော်ရွှင်စွာ ရေကစားနေကြတဲ့ အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရသည်ဟုလည်း နအဖ စစ်အစိုးရ သတင်းဌာနက ဖေါ်ပြထားပါတယ်။ အဖျက်အမှောက်သမားများဟာ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်တွင် ပြည်သူများ ပျော်ရွှင်စွာ ရေကစားနေကြစဉ် ယခုကဲ့သို့ ဗုံးခွဲမှု ပြုလုပ်ခဲ့ကြခြင်းမှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို ဖျက်လိုဖျက်ဆီး လုပ်ခြင်းသည် အများပြည်သူအား စော်ကားခြင်း ဖြစ်ကြောင်း၊ ဗုံပေါက်ကွဲမှုနှင့် ပတ်သတ်၍ သတင်းကြားသိသူ ပြည်သူများက မြန်မာတမျိုးသားလုံး တန်ဖိုးထား ပျော်ရွှင်ကြသည့် ရိုးရာသင်္ကြန်ပွဲတော်တွင် ယခုကဲ့သို့ ဖေါက်ခွဲမှု ပြုလုပ်ခြင်းအား အထူးစက်ဆုပ် ရွံရှာ မုန်းတီးလျှက်ရှိကြောင်း ဟုလည်း နအဖ က ဖေါ်ပြထားပါတယ်။
နအဖ စစ်အစိုးရ အနေနဲ့ အဖျက်အမှောက်သမားများအားဖမ်းဆီးရမိရေး တာဝန်ရှိသူများက ကြိုးပမ်းရှာဖွေ ဖေါ်ထုတ်လျှက်ရှိသည်ဟု ဖေါ်ပြထားသော်လည်း ယခုအချိန်ထိ မည်သူမည်ဝါ ဆိုတာ ဖေါ်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရှိရပါတယ်။ အဲဒီ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်နှင့် စပ်လျဉ်းပြီး ပြည်တွင်းရှိ မျိုးချစ် တပ်မတော်သားများက ဗုံးခွဲ သူများကို အကြမ်းဖက်သမားများအဖြစ် ရှုံ့ချထားပြီး နအဖ ကိုလည်း ပြစ်တင် ဝေဖန် ထားကြောင်း၊ အမှန်တကယ် ကန်တော်ကြီး ၀န်းကျင် ကရ၀ိတ် အနီးတ၀ိုက်တွင် ယခင်အခါက လှေသဘင် ပွဲတော်များ ကျင်းပခဲ့ရာ နေရာမို့ လုံခြုံရေးတင်းကြပ်ခဲ့တဲ့ နေရာ ဖြစ်သလို ယခုအခါ ရွှေတိဂုံဘုရား သွေးဆေးကန် တ၀ိုက် လုံခြုံရေးတပ်များ ရှိလျက်နှင့် ဗုံးပေါက်ကွဲမှု မဖြစ်သင့်ကြောင်း၊ ယခု ရန်ကုန်တိုင်း လုံခြုံရေးကို တာဝန်ယူထားတဲ့ ပြည်ထဲရေး နဲ့ ရဲသတင်း အထူးတပ်ဖွဲ့မှာလည်း အပြင်စည်း အဝေးစည်း လုံခြုံရေးကွန်ယက်ပေါက်ပြဲနေမှုနဲ့ စီးပွားရေး အကြံအဖန်လုပ်ဖို့သာ စိတ်ကူးနေကြောင်း၊ ရန်ကုန်မြို့ ဗုံးပေါက်ကွဲတိုင်း ဗုံးခွဲတရားခံကို ဖော်ထုတ်နိုင်ခြင်း မရှိသည်မှာ ယခင် ရန်ကုန်တိုင်း တိုင်းမှူး လုပ်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ က အစ တာဝန်ပျက်ကွက်ပေါ့ဆမှုတွေ ရှိနေကြောင်း၊ တာဝန်ရှိသူများအား ထိရောက်စွာ အရေးယူမှုများ မလုပ်နိုင်ခဲ့ကြောင်း သုံးသပ်တင်ပြလာပါတယ်။

တရားခံဘယ်သူလဲ

ဒီနှစ်ထဲမှာ နေပြည်တော်အပါအ၀င် မြန်မာနိုင်ငံရဲ့ မြို့ကြီးတချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာ သတိထား မိပါတယ်။ ဒါပေမယ့် ဒီဗုံးပေါက်ကွဲမှုတွေမှာ လူအသေအပျောက်လည်း မရှိ၊ လက်သည်တရားခံကိုလည်း သက်သေ အခိုင်အမာနဲ့တကွ ဖမ်းဆီး ဖော်ထုတ်အရေးယူနိုင်တာမျိုး မရှိတာကို ပိုပြီး သတိထားမိပါတယ်။

bomb-mdy-naypyitaw400
ဇွန်လကုန်ပိုင်းက မန္တလေးတွင် ကားဗုံးပေါက်ကွဲပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ - စစ်မုန်းပုန်ကန် / facebook)
အရင်က မြန်မာနိုင်ငံမှာ ဗုံးပေါက်ကွဲမှု တခုခုဖြစ်ပြီဆိုတာနဲ့ အိပ်ရေးပျက်ရတဲ့ ညတွေအကြောင်း ပြန်တွေးမိပါတယ်။ 

အဲဒီကာလတွေက အကျဉ်းစံ နေ့ရက်တွေရဲ့ ညဥ့်နက်သန်းခေါင် အချိန်တွေမှာ ကျနော်တို့လို နိုင်ငံရေး အကျဉ်းသား တချို့ကို ခေါင်းစွပ်နဲ့ လာထုတ်လေ့ရှိပါတယ်။ အဲဒါကတော့ ပြင်ပကမ္ဘာမှာ ဗုံးပေါက်ကွဲမှု ဖြစ်တိုင်းပါ။

လက်နက်မှု၊ တရားမ၀င်အသင်းနဲ့ဆက်သွယ်မှု စတဲ့ စွပ်စွဲမှုတွေနဲ့ ထောင်ဒဏ် ကျခံနေရတဲ့ ကျနော်တို့လို လူတွေကို အဲဒီတုန်းက စစ်ထောက်လှမ်းရေးတွေ၊ နောက်ပိုင်း ရဲသတင်း အထူးတပ်ဖွဲ့တွေက ဗုံးပေါက်ကွဲမှုတွေနဲ့ ဆက်စပ်ပြီး မေးမြန်းပါတယ်။

ဗုံးကွဲတာသိလား၊ ဘယ်သူ့လက်ချက်ဖြစ်နိုင်လဲ၊ ဘယ်သူတွေက ဘယ်ပုံစံ လုပ်နိုင်သလဲ၊ ကျနော်တို့နဲ့ စစ်သင်တန်း အတူ တက်ခဲ့ဖူးတဲ့သူတွေရဲ့ နာမည်၊ ပုံပန်းသဏ္ဍန် စသဖြင့် မေးမြန်းတာပါ။  

စစ်ကြောရေးစခန်းမှာတင် စစ်ကြောမေးမြန်းခံရတာ မဟုတ်ဘဲ ထောင်ကျနေစဉ်အချိန်မှာလည်း မေးမြန်းစစ်ကြောတာ ခံရပါတယ်။ လုံခြုံရေး အထပ်ထပ်နဲ့ ထောင်ကျနေတဲ့အချိန်၊ ထောင်ပြင်ပမှာ ဗုံးကွဲမှုအကြောင်း သိသလား ဆိုတဲ့ မေးခွန်း လာမေးတိုင်း အဖြေမရှိတဲ့ အခက်အခဲကို အမြဲ ရင်ဆိုင်ခဲ့ရပါတယ်။ 

ဒီလို လာရောက်မေးမြန်းခံရတာတွေထဲမှာ ထူးခြားတဲ့၊ မှတ်မှတ်ထင်ထင်ဖြစ်ခဲ့တဲ့ စစ်မေးမှုတခုအကြောင်း သတိ ရမိပါတယ်။ 

လာရောက်မေးမြန်းသူက အရင်စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ လက်ရုံး တဆူလည်းဖြစ်၊ အဲဒီတုန်းက န၀တ အတွင်းရေးမှူး ၂ ဗိုလ်ချုပ်တင်ဦးရဲ့သားသမက်လည်းဖြစ်တဲ့ ဗိုလ်မှူး မောင်မောင်ကျော်နဲ့ အဖွဲ့ဖြစ်ပါတယ်။

ညဘက် ၁၁ နာရီလောက်မှာ ကျနော်တို့ကို ထုံးစံအတိုင်း ခေါင်းစွပ်နဲ့ လာထုတ်သွားပြီး အင်းစိန်ထောင် မိန်းဂျေးလ် အ၀ိုင်းကြီး အတွင်း (ထောင်အလယ်မှာရှိတဲ့ ဗဟိုမျှော်စင်ကင်း) မှာ စစ်တာပါ။ ကျနော်နဲ့အတူ အဲဒီတုန်းက သေဒဏ် ၂ မှု၊ ထောင်ဒဏ် ၂၁ နှစ် ၆ လ ကျခံနေရတဲ့ ကိုတိုက်ယဉ်ပါပါတယ်။

ဗိုလ်မှူးမောင်မောင်ကျော်ရဲ့ဇနီး ဒေါ်ချိုနွယ်ဦး သေဆုံးသွားခဲ့ရတဲ့၊ အိမ်တိုင်ရာရောက် လာပို့ခဲ့တဲ့ ပါဆယ်ဗုံး အကြောင်း မေးမြန်းခံရတာပါ။ 

သေဆုံးသူကိုယ်တိုင် မှာကြားထားတဲ့ ကက်တလောက် စာအုပ်ပါဆယ်ထုပ်ကနေ ပေါက်ကွဲသွားခဲ့တာလို့ သိခဲ့ရတယ်။ ရုပ်အလောင်း အစအနတောင်မရတဲ့၊ အင်းအားအလွန်ပြင်းတဲ့ ဗုံးတလုံး ဆိုတာ သူတို့ ရှင်းပြလို့ သိခဲ့ရတယ်။ 

ထုံးစံအတိုင်း ဘယ်သူ့လက်ချက် ဖြစ်နိုင်တယ်ဆိုတဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် ပူးပေါင်း ကူညီပေးဖို့ တောင်းခံ လာခဲ့ပါတယ်။ 

ဗုံးကွဲမှု အခြေအနေ သဲလွန်စ၊ အစအန သိရရင်တော့ ကူညီနိုင်တယ်လို့ ကျနော်တို့ ဖြေကြားခဲ့ပါတယ်။

ဗိုလ်မှူးမောင်မောင်ကျော်တို့ ဘက်ကလည်း ကျနော်တို့ ပူးပေါင်းကူညီနိုင်တယ် ဆိုတဲ့ စကား ကြားရတဲ့အတွက် ဇနီးသည် ဗုံးခွဲလုပ်ကြံခံရတဲ့ တရားခံ သိလိုဇောနဲ့ သဲလွန်စ အချက်အလက်တွေကို သူ့လုပ်ပိုင်ခွင့်နဲ့ ပေးသိခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ နေအိမ်ကနေ ရခဲ့တဲ့ သဲလွန်စ ဗုံးဆံ (စပရင်တာ) တချို့ကို လေ့လာကြည့်ရှုရာမှာ တချို့ စပရင်တာစတွေမှာ အင်္ဂလိပ်အက္ခရာ B နဲ့ A ကို တွေ့လိုက်ရတဲ့နောက် ကျနော်တို့က ဒီဖြစ်ရပ်မှာ မြန်မာ့ တပ်မတော်က ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
မြန်မာ့တပ်မတော်ရဲ့ စစ်လက်နက် ပစ္စည်းတွေမှာ Burma Army လို့ အဓိပ္ပာယ်ရတဲ့ B နဲ့ Aကို ရိုက်နှိပ်ထားတတ် တာကြောင့် ဖြစ်ပါတယ်။ 

လုံခြုံရေး တင်းကျပ်ဖို့နဲ့ စစ်ရေးတင်းမာမှုတွေ အတွက် ဗုံးဖောက်ခွဲမှုတွေကို နိုင်ငံရေးလက်နက် တခုအဖြစ် စစ်အာဏာရှင် အစိုးရကိုယ်တိုင် အကွက်ချ အသုံးပြုခဲ့တာဟာ န၀တ အတွင်းရေးမှူး ၂ ရဲ့ သမီး ဒေါ်ချိုနွယ်ဦးကို ဗုံးခွဲလုပ်ကြံမှုက ထင်ရှားတဲ့ သာဓက ဖြစ်ပါတယ်။ တခြား သာဓကများစွာလည်း ရှိပါသေးတယ်။

ဒါပေမယ့် ဗုံးကွဲမှုတိုင်းမှာ လက်သည် တရားခံတွေနဲ့တကွ စုံစမ်းဖော်ထုတ်နိုင်ခြင်းမရှိဘဲ အတိုက်အခံ အဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကိုသာ လုပ်ကြံဖန်တီး စွပ်စွဲ ဖမ်းဆီး ထောင်ချပြသလေ့ရှိပါတယ်။

မဟုတ်မမှန် လုပ်ကြံဖမ်းဆီး ထောင်ချခံထားရသူတွေထဲမှာ ထင်ရှားတဲ့ အမှုတခုကတော့ ၁၉၈၉ ခုနှစ်က သန်လျင်မြို့နယ်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူငယ်တွေဖြစ်ကြတဲ့ သန်းဇော်၊ ညီညီဦးနဲ့ မိုးကျော်သူတို့ ၃ ဦးကို သန်လျင် ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲတဲ့ တရားခံတွေအဖြစ် ဖမ်းဆီး သေဒဏ်ချမှတ်ခဲ့တဲ့ အမှုပါပဲ။

စွပ်စွဲခံရသူ ၃ ဦးလုံးဟာ သေနတ်နှင့် ယမ်းလို့ဆိုတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး လက်နဲ့တောင် တို့ထိဖူးခြင်း မရှိတဲ့အပြင် ဒီကိစ္စနဲ့ပတ်သက်တဲ့ ဗဟုသုတလည်း စိုးစဉ်မျှ မရှိတာကို သူတို့ ၃ ယောက်နဲ့ အတူတူ နေထိုင်ခဲ့စဉ်က ကျနော် အတိအလင်းသိခဲ့ရပါတယ်။ 

ပိုဆိုးတာက ဒီဗုံးခွဲမှု တရားခံအစစ်ဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) က ဗိုလ်မှူးကိုကိုနိုင် (ခေါ်) သိန်းဦး (ခေါ်) ရန်မျိုးနိုင် ဆိုသူက မြို့တော်ခန်းမနဲ့ သန်လျင်ရေနံချက်စက်ရုံတွေကို သူကိုယ်တိုင် ဖောက်ခွဲခဲ့တာပါလို့ ၀န်ခံပြောကြားခဲ့ပြီး မတရား စွပ်စွဲခံထားရတဲ့ သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။

ဒီကိစ္စကို စစ်ထောက်လှမ်းရေးတွေက တရားခံအစစ်ဖြစ်တဲ့ ကိုကိုနိုင်နဲ့ အပေးအယူလုပ်ခဲ့ပြီး မပေါက်ကြားဖို့ ပြောဆိုခဲ့တယ်လို့ ကိုကိုနိုင်ကိုယ်တိုင် ပြောပြခဲ့ပါတယ်။ မတရားစွပ်စွဲ သေဒဏ်ချမှတ် ခံထားရတဲ့ သန်းဇော်နဲ့ ညီညီဦး တို့ကတော့ ၂၃ နှစ် ကျော်လာတဲ့ အခုအထိ အကျဉ်းထောင်ထဲမှာပဲ ရှိနေဆဲပါ။ 

သူတို့လို မတရားစွပ်စွဲခံရပြီး ဖမ်းဆီး ထောင်ချခံထားရတဲ့ သူတွေ အကျဉ်းထောင် တွေထဲမှာ ရှိနေကြဆဲ ဖြစ်ပါတယ်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေး အတိုက်အခံတွေလည်း ဗုံးဖောက်ခွဲမှုတွေ စီမံလုပ် ဆောင်ခဲ့တာ မရှိခဲ့ဘူးလို့ မဆိုလိုပါဘူး။ စဉ်ဆက်မပြတ် ဖိနှိပ်ခံနေရတာတွေကြောင့် ဗုံးခွဲတိုက်ခိုက်တဲ့ လမ်းကို ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒါပေမယ့် အကြမ်းဖက်လုပ်ဆောင်မှုတွေကို ကမ္ဘာ့နိုင်ငံတွေက ဆန့်ကျင်မှု အရှိန် မြင့်လာတဲ့နောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ နိုင်ငံရေး အတိုက်အခံ အဖွဲ့အစည်းတွေဘက်မှာလည်း အခက်အခဲတွေ ရှိလာပါတယ်။ 

နည်းပညာ မကျွမ်းကျင်မှု၊ ငွေကြေးမတတ်နိုင်မှု၊ နယ်မြေ မကျွမ်းကျင်မှု စတာတွေကြောင့် စနစ်ကျတဲ့၊ ကျယ်ပြန့်တဲ့ မကြာခင်ကဖြစ်ပေါ်ခဲ့တဲ့ အချိန်ကိုက် ဖျက်အားပြင်း ဗုံးခွဲမှုတွေကို လုပ်ဆောင်နိုင်မယ်လို့ မထင်ပါဘူး။ 

ဗုံးကွဲမှုတိုင်းရဲ့ နောက်ကွယ်မှာ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စသည်ဖြင့် အကြောင်းရင်းတွေ ရှိနေပေမယ့်  မကြာခင်က ဆက်တိုက်ဖြစ်ပေါ်ခဲ့တဲ့ အလွန်စနစ်ကျတဲ့ ဗုံးဖောက်ခွဲမှုရဲ့ နောက်ကွယ်မှာတော့ နိုင်ငံရေးမှ တပါး တခြားအကြောင်းရင်း မရှိနိုင်ဘူးလို့ ဆိုချင်ပါတယ်။

ဒေါ်ဘောက်ဂျာ ရှောင်တိမ်းနေရ

 မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဆိုင်းရေး လက်မှတ်ထိုး လှုပ်ရှားမှုတွင်ပါဝင်သူ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီဝင် ဒေါ်ဘောက်ဂျာကို ရဲတပ်ဖွဲ့က ဖမ်းမည်ဆိုသည့် သတင်းရသဖြင့် ရှောင်တိမ်း 
နေရသည်ဟု ဒေါ်ဘောက်ဂျာက ပြောသည်။

ယခုလ ၂၅ ရက်နေ့က ရန်ကုန်မြို့မှ မန္တလေးသို့ တက်လာစဉ် မြစ်ကြီးနားမြို့မှ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ စရဖနှင့်နီးစပ်သူတဦးက ဒေါ်ဘောက်ဂျာ၏ နေအိမ်နှင့် ဘူတာရုံများတွင် ရဲများစောင့်နေကာ သူ့ကို ရှောင်တိမ်းရန် အကြောင်းကြားလာခြင်းကြောင့် လက်ရှိ လမ်းခရီးတနေရာတွင် ပုန်းရှောင်နေရသည်ဟု ပြောသည်။

“တယောက်က သတင်းလှမ်းပေးတာ။ သူက ဘယ်မှာရောက်နေတာလဲလို့ မေးတော့ ကျမ မန္တလေးမှာပါလို့ ပြော
လိုက်တာ။ အဲဒီအခါကျတော့ ပြန်မလာနဲ့ဦးတဲ့။ ဒီမှာက အိမ်မှာ၊ ဘူတာတွေမှာရော ရဲတွေက စောင့်နေတယ်။ ဘူတာမှာ ရုတ်ရုတ် ဖြစ်ကုန်မှာစိုးလို့ ခဏရှောင်လိုက်ပါလို့ ဆိုပြီးပြောလို့ ရှောင်နေတာ”ဟု သူက မဇ္စျိမကို ပြော
သည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ဖားကန့်မြို့နယ် အောင်ရာရွာရှိ ဒေါ်ဘောက်ဂျာ၏ နေအိမ်ကို ရဲသတင်း တပ်ဖွဲ့ဝင်များက လာရောက် မေးမြန်းမှုများ ပြုလုပ်စဉ်ကလည်း ဒေါ်ဘောက်ဂျာကို ကြိုတင် သတင်းပေးခဲ့ခြင်း
ကြောင့် ရှောင်တိမ်းနေခဲ့ရသေးသည်ဟု သူက ဆိုသည်။

မန္တလေးမြို့ရှိ ရှေ့နေ ဦးမြင့်သွင်၏ နေအိမ်တွင်လည်း ယခုလ ၂၆၊ ၂၇ ရက်များတွင် ရဲတပ်ဖွဲ့က ဒေါ်ဘောက်ဂျာ
ရှိမရှိ လာရောက် မေးမြန်းခြင်းနှင့် စောင့်ကြည့်မှုများရှိနေသည်ဟု ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

“သူ ရှောင်တိမ်းနေရတယ်။ အတိအကျတော့ မဟုတ်သေးဘူး။ ရဲက ဘာလုပ်ချင်တာလဲ မသိသေးဘူး။ အဲဒါကြောင့် ကျနော်လည်း စုံစမ်းနေတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ရန်ကုန်၊ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ပုဂံ၊ မုံရွာ စသည့် ဧရာဝတီ မြစ်ကြောင်းတလျှောက်ရှိ ပြည်နယ်
နှင့် တိုင်းများမှ ပြည်သူလူထုအား မြစ်ဆုံရေကာတာ စီမံကိန်း တည်ဆောက်မှု ကန့်ကွက် လက်မှတ်ထိုးရေး လှုပ်ရှား များ လုပ်ဆောင်နေသည်ဟု ဒေါ်ဘောက်ဂျာက ပြောသည်။

လက်ရှိတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ NDF ပါတီရုံးချုပ်တွင် ပါတီစည်းရုံးရေး သင်တန်းများကို ရှေ့နေများ
နှင့် အတူ တောင်သူများအား သင်တန်းပေးရန် စီစဉ်ထားသော်လည်း သင်တန်းသို့ မသွားရောက်နိုင်တော့ကြောင်း
ဒေါ်ဘောက်ဂျာက ဆက်ပြောသည်။

ရန်ကုန်မြို့တွင် မြစ်ဆုံရေကာတာ တည်ဆောက်မှု ရပ်ဆိုင်းရေး လက်မှတ်ထိုး လှုပ်ရှားမှုများ ပြုလုပ်ခဲ့သဖြင့် ကချင်ပြည်နယ်တွင်လည်း အလားတူ လှုပ်ရှားမှုများ လုပ်ဆောင်လာမည်ကို စိုးရိမ်ခြင်းကြောင့် အာဏာပိုင်များမှ မိမိကိုဖမ်းရန် ကြိုးစားခြင်းဟု ဒေါ်ဘောက်ဂျာက ယူဆကြောင်း မဇ္ဈိမကိုပြောသည်။

ဖားကန့်မြို့ ခရစ်ယာန် ဘုရားကျောင်းများတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ဧရာဝတီမြစ်ဆုံ ရေကာတာနှင့် ပတ်သက်၍ ကန့်ကွက်သည့် လက်မှတ်ရေးထိုးခိုင်းမှု ရှိမရှိ မေးမြန်းစစ်ဆေးမှုများ ရှိနေသည်ဟုလည်း 
ဒေါ်ဘောက်ဂျာ က မဇ္ဈိမကို ပြောသည်။

မြစ်ဆုံရေကာတာ ဆောက်လုပ်မှုကို ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်လာမှုများ ဖြစ်ပေါ်လာပြီးနောက်၊ အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်းက ထိုစီမံကိန်း တည်ဆောက်မှုနှင့် ပတ်သက်၍ လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ခံယူသွားမည်ဟု ဆိုသည်။ 

သို့သော် NDF ပါတီရုံးချုပ်မှ မြစ်ဆုံရေကာတာ စီမံကိန်း တည်ဆောက်ရေးသည် လွတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် မလုံလောက်ဘဲ ပြည်သူလူထု၏ ဆန္ဒကိုပါခံယူသင့်ကြောင်း ပါတီသဘောထားကို ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန် ကြေညာသည်။

ဒေါ်ဘောက်ဂျာသည် ဦးဌေးမြင့် ပိုင်ဆိုင်သည့် ယုဇန ကုမ္ပဏီမှ မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာ ၅ ခုမှ တောင်သူများ၏ မြေများ သိမ်းယူမှုတွင် တောင်သူများ နစ်နာကြေးရရှိရန် ကူညီဆောင်ရွက်ပေးသူ ဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဖားကန့်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါ်ဘောက်ဂျာသည် သူ၏ ပြိုင်ဘက် 
အငြိမ်းစား ဗိုလ်ချုပ်ဟောင်း သမဝါယမဝန်ကြီး ဦးအုန်းမြင့်ကို မဲလိမ်သည်ဟု ရွေးကောက်ပွဲ ခုံရုံးသို့ တိုင်းတန်း
ခဲ့ပြီး၊ အမှုကိုပြန်လည် ရုပ်သိမ်းခဲ့သည်။

ဗြောင်ကျကျ ပြည့်တန်ဆာ လုပ်ငန်းများမှ မြန်မာများ ဖမ်းမိ

မေလ (၂၅) ရက် နေ့က ကွာလာလမ်ပူတွင် ပြည့်တန်ဆာအဖြစ် လုပ်ကိုင် စားသောက် နေသော နိုင်ငံခြားသူ အယောက် (၄၀)ကို ဖမ်းမိရာ တရုတ်နိုင်ငံသူ (၃၄)ဦး၊ မြန်မာ (၅)ဦး နှင့် အင်ဒိုနီးရှား (၁) ဦးတို့ အသီးသီးဖြစ်ကြောင်း စတားအွန်လိုင်း သတင်းစာက ထုတ် ဖေါ် ရေးသားထားသည်။

အဖမ်းခံထားရသော အမျိုးသမီးများ အားလုံးမှာ ဗီဇာရက်လွန် နေထိုင်သူများ ဖြစ်နေကြသည်ဟု ရဲက ပြောဆိုပြီး ဒေသခံများ၏ အဆိုအရ ”ဂျလန်ပုဒု” တဝိုက်ရှိ အပေါစားဟိုတယ်များနှင့် တွဲဖက်ဖွင့်ထားသော ကော်ဖီ ဆိုင်များတွင် နိုင်ငံခြားသူ အမျိုးသမီးများသည် အောက်ခံအဝတ် အစားများ ကိုသာ ဝတ်စားလျှက် လမ်းသွားလမ်းလာများကို ဖျားယောင်းသွေးဆောင် နေသည်ကို တွေ့ရကြောင်း၊ သိရှိရသည်။

ပြည့်တန်ဆာလုပ်ငန်းများ ကို အများမြင်နိုင်သော Bukit Aman Vice အမည်ရှိ လောင်းကစားနှင့် လှို့ဝှက် တရားမဝင်အဖွဲ့အစည်းဒေသ (၇) သည် နံနက် ၉နာရီမှ ညနေ ၃နာရီအထိ ကိုယ်ကျင့်သိက္ခာ ပျက်ပြားသော အလုပ်များကို ဗြောင်ကျကျလုပ်ကိုင်နေသည်ဟု ၎င်းတို့က ပြောဆိုသည်။ အဖမ်းခံရသူ များထဲတွင် အမျိုးသမီးများနှင့် အတူ ပုန်းအောင်းနေသော နိုင်ငံခြားသားနှစ်ဦးကိုလည်း ဖမ်းမိထားကြောင်း သိရှိရသည်။

ဗုဒ္ဓရုပ်ပွားတော်အား နမ်းနေသည့် ဓာတ်ပုံရိုက်သော ကမ္ဘာလှည့်များကို သီရိလင်္ကာအစိုးရ ထောင်ဒဏ်ချမှတ်

ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို နမ်းနေသည့် ဓာတ်ပုံရိုက်ကူးခဲ့သော ပြင်သစ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွား ၃ ဦးကို သီရိလင်္ကာအစိုးရက ဆိုင်းငံ့ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပြီး တစ်ဦးလျင် ၁၀ ဒေါ်လာစီ ငွေဒဏ်ရိုက်ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြသည်။ ၎င်းတို့ ရိုက်ကူးခဲ့သော ဓာတ်ပုံတစ်ပုံတွင် အမျိုးသမီးတစ်ဦးက ဗုဒ္ဓရုပ်ပွားတော်၏ နှုတ်ခမ်းအား နမ်းနေသည့် ပုံစံနှင့် အခြား ဓာတ်ပုံတစ်ပုံတွင်လည်း အမျိုးသားတစ်ဦးက ဗုဒ္ဓရုပ်ပွားတော်နှင့် ပုံစံတူပြုမူ၍ ဓာတ်ပုံအရိုက်ခံထားသည်ကို တွေ့ရကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့က ပြောကြားသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးပါဝင်သော အဆိုပါ ကမ္ဘာလှည့်ခရီးသွား ၃ ဦး၏ ယဉ်ကျေးမှုမရှိသော အပြုအမူကြောင့် အပြစ်ပေး အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် သီရိလင်္ကာဥပဒေကို ချိုးဖောက်ရုံမျှမက မိမိနှင့် ကိုးကွယ်ရာမတူသော ဘာသာတရား၏ အထွတ်အမြတ်ထားရာတို့ကိုလည်း လေးစားမှုရှိရမည်ဟူသည့် ကမ္ဘာတစ်ဝန်း ယဉ်ကျေးမှုရှိသည့် လူ့အသိုင်းအဝိုင်းက နားလည်လက်ခံထားသော သတ်မှတ်ချက်ကိုလည်း စော်ကားခဲ့ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်က ပြစ်တင်ဝေဖန်လိုက်သည်။ ယခုလုပ်ရပ်အပေါ် ပြစ်တင်ရှုတ်ချကြောင်းနှင့် ကမ္ဘာလှည့်ခရီးသွားများ အနေဖြင့် ထိုကဲ့သို့ ဘာသာရေးအရ မလေးမစားပြုမူနေထိုင်ခြင်း မပြုလုပ်ကြရန် တောင်းဆိုတိုက်တွန်းကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ထောင်ဒဏ်ချမှတ်ခံရသော ပြင်သစ်ကမ္ဘာလှည့် ၃ ဦးမှာ ၎င်းတို့ရိုက်ကူးခဲ့သော ဓာတ်ပုံများကို ပရင့်ထုတ်ယူရန် ဓာတ်ပုံဆိုင်တစ်ဆိုင်သို့ သွားရောက်ဆောင်ရွက်စဉ် ဆိုင်ရှင်က ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

သရုပ်ဆောင် ရုပ်ရှင်မင်းသား အကယ်ဒမီ ဒွေး (ခေါ်) ကိုသားကြီးလို သတိမပြုမိလိုက်တဲ့ အမှားကြီး တစ်ခု မလုပ်မိကြဖို့ တိုက်တွန်းခြင်း



https://fbcdn-sphotos-c-a.akamaihd.net/hphotos-ak-snc7/388021_4392854140868_2068329719_n.jpg
ကျွန်တော် ကိုဖိုးတရုတ် ငယ်ငယ်က အင်မတန်သဘောကျ လေးစားရတဲ့ သရုပ်ဆောင် ရုပ်ရှင်မင်းသား အကယ်ဒမီ ဒွေး (ခေါ်) ကိုသားကြီးဆီ အခုအချိန်ထိ သတိရ အောင့်မေ့နေဆဲပါ။ သူ့ဇာတ်ကား ရုပ်ရှင်တော်တော်များများကို အားပေးကြည့်ရှုခဲ့တဲ့ ပရိတ်သတ် တစ်ယောက်ဆိုလည်း မှားမယ် မထင်ပါဘူး။

ဒါပေမဲ့ ၂၀၀၇ ခုနှစ် ဇူလိုင် ၁၁ ရက် (ဗုဒ္ဓဟူးနေ့) ညနေ (၅) နာရီမှာ အမှတ် (၃၄) (စီ)၊ အေးသာယာလမ်း၊ ဘောက်ထော် နေအိမ်အတွင်း ရုတ်တရက် ကွယ်လွန်သွားကြောင်း နောက်နေ့ (၁၂) ရက်နေ့မှာ သတင်း ကြားလိုက်ရပါတယ်။ သတင်း ကြားကြားချင်း ရင်ထဲမှာ အားလျော့သွားသလို ၀မ်းနည်းသွားသလို ခံစားရပါတယ်။ သန်မာကြံ့ခိုင် ပျော်ရွှင်တက်ကြွနေတဲ့ ဒွေးက ဘယ်လိုဖြစ်ပြီး ရုတ်တရက် ချက်ချင်း လက်ငင်း လူ့လောကကြီးထဲကနေ ထွက်သွားရတာလဲ ဆိုတာ စဉ်းစားရ အခက်တွေ့သွားစေခဲ့တယ်။

ဂျာနယ်မီဒီယာတွေမှာ နှလုံးရောဂါနဲ့ ဆုံးသွားသလို ဖော်ပြကြတယ်။ တချို့ လူ့အသိုင်းအ၀ိုင်းမှာကျတော့လည်း အလုပ်တွေ ပင်ပန်းပြီး ရုတ်တရက် အမောဆို့ကာ သေဆုံးသွားကြသလို ပြောနေကြပြန်တယ်။ တချို့နေရာတွေမှာကျတော့ လုပ်ကြံခံရတာလို့ ကြားရတာလည်း ရှိပါတယ်။ သတင်းတွေက အမျိုးမျိုး အဖုံဖုံကြားခဲ့ရပါတယ်။

ခင်ပွန်းသည် ဈာပနာ တက်ရောက်ခဲ့တဲ့ သူ့အမျိုးသမီး မိုးမိုးကိုလည်း အင်မတန်မှ ကိုယ်ချင်းစာ သနားဂရုဏာ ဖြစ်မိပါတယ်။ နောက်ပိုင်းမှာတော့ သေဆုံးရတာနဲ့ ပတ်သက်ပြီး အနုပညာ အသိုင်းအ၀ိုင်း လောကမှ ခိုင်လုံတဲ့ သတင်းကို ရရှိခဲ့ပါတယ်။

ဘာကြောင့် သေဆုံးရတာလဲဆိုရင် "ရာဘ" (ခေါ်) မြင်းဆေး အလွန်အကျွံ သုံးစွဲကြောင်း သိခဲ့ရတာပါ။ မသေဆုံးခင်မှာ ဒွေးဟာ ညမအိပ်ဘဲ (၄) ရက်ဆက်တိုင် ဆေးအရှိန်ကြောင့် မရပ်မနား အလုပ်လုပ်နေရင်းကနေ ဆေးအရှိန်ကျလာခဲ့ပါတယ်။ အဲဒီနောက် ပုံမှန် ကိုယ်ခံစွမ်းအားကလည်း လွန်ခဲ့တဲ့ (၄) ရက်မှာ ဆက်တိုက် လုပ်ခဲ့ရလို့ အားအင်ကုန်ခန်းသွားပြီး ရုတ်တရက် နှလုံးခုန် ရပ်သွားတာပါ။ တကယ်လို့ ဒွေးအနီးအနားမှာ အမြဲတမ်း အကူတစ်ယောက် ရှိနေမယ်ဆိုရင် ကယ်တင်နိုင်ပါလိမ့်မယ်။ ယခင်တုန်းကလည်း သတင်းမျိုးစုံ ကောလဟာလရော အတင်းအဖျင်းတွေပါ ရောနှောသိခဲ့ရတော့ အခု ဒီသတင်းလည်း ကြားကြားချင်း ကျွန်တော် ကိုဖိုးတရုတ် သိပ်မယုံကြည်ရဲသေးပါဘူး။ ဒါပေမဲ့ ယခင် သူ့ရဲ့ လှုပ်ရှားမှုတွေကို လေ့လာကြည့်တဲ့အခါ ဖြစ်နိုင်ကြောင်း/ မှန်ကန်နိုင်ကြောင်း အထောက်အထား တစ်ခု ရခဲ့ပါတယ်။

ဂျာနယ် မီဒီယာ တစ်ခုနဲ့ အင်တာဗျူးရာမှာ သူ့အနေနဲ့ တစ်နေ့ကို ပုံမှန် အိပ်ချိန် (၄) နာရီဘဲ အိပ်ကြောင်း၊ ကျန်တဲ့အချိန်များမှာ ကိုယ်ပိုင် စီးပွားရေး အလုပ်လုပ်ချိန်၊ ဇာတ်ကား ရှုတင် ရိုက်ချိန်၊ ဇာတ်ဝင်ခန်းအတွက် စာမူ Dialogue များ လေ့ကျင့်ချိန်၊ ထမင်းစားအနားယူချိန် အစရှိသဖြင့် အစီအစဉ်တကျနဲ့ နေ့တိုင်း လုပ်ဆောင်နေကြောင်း ပြောထားပါတယ်။ လူတစ်ယောက်က တနေ့ကို (၄) နာရီဘဲ အိပ်ပြီး နေ့စဉ်ရက်ဆက် အလုပ်တွေ အများကြီး လုပ်နိုင်တာ ဘာကြောင့်ပါလဲ??? မှန်ကန်သေချာတဲ့ ကျန်းမာရေး လမ်းညွှန်ချက်တွေအရ လူတစ်ယောက်ဟာ ပုံမှန် တနေ့ကို အနည်းဆုံး (၆) နာရီမှ (၇) နာရီ အိပ်ရကြောင်း ဖတ်ခဲ့ရပါတယ်။

ဒွေးရဲ့ ပုံမှန် အိပ်ချိန်ဟာ ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့ တခြားစီဖြစ်နေကြောင်း စတင် ရိပ်မိလာတယ်။ အဲဒီတော့ ခုနက ကြားတဲ့ သတင်းနဲ့ ဆက်စပ် တွေးတောလိုက်တဲ့အခါ ပိုမို ဖြစ်လာနိုင်ကြောင်း သိလိုက်ရခဲ့တယ်။

ယနေ့ လက်ရှိ အနုပညာ လောကမှာလည်း အခုလို "ရာဘ"/ မြင်းဆေး တွေကို သုံးစွဲနေကြတုန်းပါ။ မိမိ အောင်မြင်ကျော်ကြားဖို့အတွက် သုံးစွဲတာ ဟုတ်သလို ကြိုက်နှစ် သဘောကျလို့ သုံးစွဲနေတာတွေ၊ အရှိန်မထိန်းနိုင်ဘဲ ဆက်လက် သုံးစွဲနေတာတွေလည်း ရှိနေကြပါတယ်။

ကျွန်တော် ကိုဖိုးတရုတ်အနေနဲ့ အသိပေးချင်တာကတော့ အခုလို ရာဘဆေး၊ မြင်းဆေးတွေကို စမ်းသုံးကြည့်တာတောင် လုံးဝ မလုပ်မိစေလိုပါဘူး။ လုပ်မိပြီးလို့ ဖြတ်လို့ မရရင်လည်း သက်ဆိုင်ရာ မိဘဆွေမျိုး ပညာရှင်တွေကို ပွင့်ပွင့်လင်းလင်း တင်ပြပြီး ဖြတ်တောက်ဖို့ နည်းလမ်း အကူအညီများ အမြန်ဆုံး ရယူလိုပါတယ်။ အနာဂါတ်အတွက် ထွန်းတောက်အောင်မြင်နိုင်ပြီး ကြယ်ပွင့်လေးတွေ ဖြစ်လာနိုင်မဲ့ လူငယ်လူရွယ်၊ လူကြီးလူကောင်းတွေလည်း သရုပ်ဆောင် ဒွေးလို အရှိန်လွန် သုံးစွဲမိပြီး မထိန်းနိုင် မကယ်နိုင် မဖြစ်ရလေအောင် ဆေးသုံးစွဲမှု ရှောင်ကြည်သွားကြပါလို့ တိုက်တွန်းလိုပါတယ်။

"မုဒိန်းကျင့်ခံရသူ ဗုဒ္ဓဘာသာဝင်(၁၃)နှစ် သမီးလေး ၏ နောက်ဆက်တွဲ သတင်း

ကျောင်းသူမလေး မသီတာဦးကို မုဒိမ်းကျင့်တဲ့ မုဒိမ်းကောင်နာမည်က ဖာသွတ်(ခ) ခင်ထွန်းပါ။ 15.9.1993 မှာ မွေးဖွားလို့ အသက်နှစ်ဆယ်အရွယ်ရှိပါပြီ။ သာကေတမြို့နယ်၊ အမှတ် (၈)ရပ်ကွက်၊ မနောဟရအောက်လမ်းမှာနေပါတယ်။ သူမိခင်က ဒေါ်သန်းညွန့်ပါ။
ကျောင်းသူမလေးနှင့် တစ်ရပ်တည်းသားဖြစ်ပြီး၊ အိမ် သုံးအိမ်သာခြားပါတယ်။ အခု သာကေတ အမှတ်(၂)ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်။ ကျောင်းသူမလေးအမေက ဒေါ်တင်လှဖြစ်ပြီး၊ အဒေါ်က ဒေါ်မွှေး ပါ။
ပေးထားတဲ့ဖုန်းနံပါတ်တွေလည်း ဆက်ကြည့်နိုင်ပါတယ်နော်။ အင်မဟုတ်ပါဘူး။
ကျောင်းသူမလေးရဲ့အဒေါ်ဖြစ်သူ ဒေါ်မွှေးမွှေးရဲ့ ခံစားချက်ကိုလည်း ရှုစားကြည့်စေချင်ပါတယ်နော်။ ဒါလောက် ခိုင်မာတာကိုမှ ကျားကျားမီးယပ်လုပ်နေရင်လည်း သမားတော်ရဲ့ သဘောပါဗျာ။
(ကျောင်းမှာ ကွန်နက်ရှင်ကျနေလို့ ဆိုင်သွားတင်ခိုင်းမိသည့်အတွက် ချွတ်ချော်တိမ်းပါးမှု ရှိခဲ့တာတွေကို ထောက်ပြကြတဲ့ အွန်လိုင်း ပရိတ်သတ်ကြီးကို ကျေးဇူးတင်ပါတယ်ဗျာ။ )
ဆက်သွယ်ရန်....09.21007251
09.420108372/သာကေတ အမှတ် (၂) ရဲစခန်း၊ 01-547253
အုပ်ချုပ်ရေးမှူး၊ 01-556814။ 01-552868

ကျွန်မလုပ်ချင်တာကတော့ ကျွန်မတို့ရပ်မှာ ပြောတတ်ဆိုတတ်တဲ့သူက မရှိတော့ ကျွန်မက ထိထိမိမိလုပ် ချင်တယ်။ ထိထိမိမိလည်း ဖြစ်ချင်တယ်။ ကျွန်မအမျိုးသားရော ကျွန်မရောပဲ။ ကျွန်မတို့တူမ လို့သာပြောတာ အဖေမရှိတော့ သူကငယ်ငယ်ကတည်းက ကျွန်မတို့အိမ်မှာ ကြီးပြင်းလာ တာ၊ ခေါ်ထားရတာ၊ ကျွန်မတို့ သမီးအရင်းလိုပါပဲ။ ထိထိမိမိကို ဖြစ်စေချင်တယ်။ သူတို့ဘက်ကလည်း လာညှိပါတယ်။ ဘယ်လိုညှိလည်း ဆိုတော့ ယူဖို့အထိကို လာညှိတယ်။ ကျွန်မကလည်း ယူဖို့ထိလာညှိရအောင် ဘာသာတူလား...မေးလိုက် တယ်။ ဒါလည်းကျွန်မက စာအုပ်လေးတွေ ဖတ်ထားလို့ ကျွန်မသိတာကို ပြောပြလိုက်တဲ့အခါကျတော့ သူတို့ဘက်က ကျွန်မကို သိပ်ပြီးတော့မပြောရဲဘူး။ ဒီကလေးမကို ပေးစားမယ်။ ဒီကောင်လေးကို တစ်နေရာရာပို့ထားပြီးတော့ ကလေးမလေးကို သူတို့ခေါ်ထားမယ်ပေါ့။ ပစ္စည်းဘာညာအကုန်လုံး ဆင်ပေးမယ်ပေါ့။ အဲလိုမက်လုံးပေး မြှူဆွယ်ပြီး ဒီကလေးမကို ဘုရားစင်ပေါ်တင်ထားမယ်ပေါ့။ ကျွန်မကလည်း "ဘုရားစင်ပေါ်တင်ပြီး ဖူးဖူးမှုတ်ထားရအောင် ဘုရားစင်ရော ရှိလို့လား"လို့ မေးလိုက် တယ်လေ။ ဒါဟာ သူတို့ရဲ့မယူခင်ပြောတဲ့စ ကား။ ယူပြီးရင် ဘယ်လိုထားမလဲဆိုတာကို အဲဒီစာအုပ် (ကိုယ့်တော့်ကရုဏာ)ကို အမကိုဝယ်ပေးမယ်လို့ ကျွန်မပြောလိုက်တယ်။ အဲဒီလာညှိတဲ့သူက မြန်မာပါ။ သူတို့ထောင်ကျမှာစိုးလို့ ယူမယ်။ ယူပြီးရင် သူတို့ဘယ်လိုထားထား ထားလို့ရပြီ ပုံစံမျိုးလုပ်တာ။ ဒါကို ကျွန်မတို့နားလည်တယ်လေ။ ဗဟုသုတ နည်းနည်းပါးပါးရှိတဲ့အခါကျတော့ မဖြစ်ဘူးလေ။ ဒါဟာလုံးဝ မဖြစ်နိုင်ဘူးလေ။ ညတုန်းကလည်း ဘယ်လိုလာပြောလဲ ဆိုတော့ ကျေနပ်ပေးပါတဲ့။ ခြေအစုံ ဖက် တောင်းပန်ပါ့မယ်တဲ့။ အဲလိုဆိုရင် ရှင်တို့သားသမီးတွေကို အဲလိုလုပ်ပြီးမှ ခြေသလုံး ဖက်တောင်းပန် မယ် ဖြစ်မလားလို့..။
ဒီပိုစ့်လေးက ဆရာတော်ဦးဝီရသူ(မစိုးရိမ်) ကိုယ်တိုင်ရေးထားတဲ့ပိုစ့်လေးဖြစ်ပါတယ်။ တဆင့်ပြန်လည်မျှဝေခြင်းမျှသာဖြစ်ပါတယ်။ မယုံကြည်သူများရှိလျှင် အထက်မှာဖော်ပြထားသော ဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။

ရွှေတိဂုံ စေတီတော်တွင် ထီးဖြင့် ချိတ်၍ အလှူခံငွေ ခိုးယူဟုဆို




ကမ္ဘာလှည့် ခရီးသွားများ အဓိက လေ့လာ ဖူးမျှော်ရာ မြန်မာနိုင်ငံ ၏ အထင်ကရ စေတီတော် တစ်ဆူ ဖြစ်သော ရွှေတိဂုံ စေတီတော် တွင်
အောက်တိုဘာ လ ၉ ရက်နေ့ က အဆိုပါ စေတီတော် တနင်္ဂနွေ ထောင့် ရှိ ဘိုးဘိုးအောင် ဘုရား သံတံခါး အတွင်းရှိ အလှူငွေများ ကို ထီးနှင့် ချိတ်ဆက်၍ ခိုးယူမှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း ရွှေတိဂုံ စေတီ ဂေါပကရုံး အဖွဲ့မှူး ဦးဝင်းကြိုင် က ပြောကြားသည်။

အဆိုပါ အလှူငွေ ခိုးယူခံရမှု ဖြစ်စဉ်သည် သုံးနှစ် အတွင်း ပထမဆုံး အကြိမ် ခိုးယူ ခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်း က ဖြည့်စွက် ပြောကြားသည်။

ရွှေတိဂုံ စေတီတော် တနင်္ဂနွေထောင့် ရှိ သံဘာဂျာ တံခါးပိတ် ထားသော ဘိုးဘိုးအောင် ဘုရား အတွင်းရှိ အလှူငွေ များကို ထီးနှင့် ချိတ်ဆွဲ ယူငင် နေသည် ကို ဘုရားဖူး များက တွေ့ရှိတိုင်ကြား ရာမှ ဘုရား လုံခြုံရေးများ က ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ပြီး ခိုးယူသူ ကို ဒဂုံမြိုနယ် ရဲစခန်းသို့ အပ်နှံ ခဲ့ကြောင်း အသက် လေးဆယ် ကျော် အရွယ် ရွှေတိဂုံ စေတီ လုံခြုံရေး က ရှင်းပြသည်။

လွန်ခဲ့သည့် သုံးနှစ်ခန့်က အဆိုပါ စေတီရှိ အလှူငွေများကို တုတ်တံ နှင့် ထိုးကလော်ခြင်း၊ ပီကေ ကပ် ၍ ခိုးယူခြင်း များရှိခဲ့ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကဝင် တစ်ဦး က ပြောကြားသည်။

"ဒီမှာတော့ ဘူးရားဖူး တွေဆီက ခါးပိုက်နှိုက်တာ၊ လုယက်တာ၊ ဘုရားက ရွှေခွာ ခိုး တာတွေတော့ ကြားဖူး တယ်။ အဲလို ဘုရားထဲ က ငွေကို ထီးနဲ့ ဆွဲယူတာတော့ မကြားဖူးဘူး" ဟု ရွှေတိဂုံ ဘုရား တောင် ဘက် စောင်းတန်း ရှိ ဈေးသည် တစ်ဦး ဖြစ်သူ ဦးမြင့်စိုးကThe Voice Weekly သို့  ပြောကြားသည်။

ရွှေတိဂုံ စေတီတော်သို့ တစ်ရက်လျှင် ပျမ်းမျှ ဘုရားဖူး ခရီးသည် နှစ်သောင်း ခွဲကျော် လာရောက် လေ့ရှိပြီး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ တွင် လေးသောင်းခွဲ ကျော်ခန့် လာ ရောက် ကြောင်း ရွှေတိဂုံ စေတီတော် ဂေါပကရုံး၏ တရားဝင် ထုတ်ပြန်ချက် များအရ သိရှိရသည်။

အသက် ၇၅နှစ်အဖွားအိုတစ်ဦး အဓမ္မပြုကျင့်ခံရ

အသက် ၇၅နှစ်အရွယ် အဖွားအိုတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရမှုကြောင့် ရွှေပြည်သာရဲစခန်းတွင် အမှု ဖွင့်ထားကြောင်း သတင်းရရှိသည်။

အောက်တိုဘာလ ၂၀ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ ၀ါးတစ်ရာ ၂၃ရပ်ကွက်၌ နေထိုင်သည့် ဒေါ်---၇၅နှစ်ဖြစ်သူမှာ နေအိမ်တွင် သမီးဖြစ်သူ မခင်ရွှေတို့ လင်မယား စကားများရန်ဖြစ်နေမှုကြောင့် သာကေတမြို့နယ်ရှိ သူငယ်ချင်းဖြစ်သူ ဒေါ်စိန်သန်း၏နေအိမ်သို့ ညအိပ် ရန် သွားရောက်ခဲ့ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ နေအိမ်သို့သွား ရာတွင် သူငယ်ချင်းဖြစ်သူမှာ မရှိသဖြင့် ၄င်း၏သားဖြစ်သူ ဦး---၊ ၄၉နှစ်နှင့်တွေ့ပြီး စကားထိုင် ပြောနေရာမှ ဒေါ်---၊ ၇၅နှစ်ဖြစ်သူက အရက်သောက်ချင်သဖြင့် ၄င်းတို့နှစ်ဦးမှာ အရက်သွားသောက်ခဲ့ကြောင်း သိရသည်။

ထိုသို့အရက်သောက်ပြီး အပြန်တွင် ဦး---၄၉နှစ်မှ ဒေါ်---၇၅နှစ် ဖြစ်သူကို သစ်တုံးများအကြားသို့ ခေါ်သွားပြီး တွန်းလှဲကာ အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ဦး---၄၉နှစ်မှ ဒေါ် ---၇၅နှစ်အား တွဲခေါ်လာစဉ် လမ်း၌ သားသမီးများနှင့် တွေ့ခဲ့သဖြင့် ဦး---၄၉နှစ်မှာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်ကို ဒေါ်---၊ ၇၅နှစ်ဖြစ်သူမှ ရဲစခန်းသို့ အောက်တိုဘာလ ၂၁ရက်နေ့တွင် လာ ရောက်တိုင်ကြားခဲ့ကြောင်း သိရှိရသည်။

ရွှေပြည်သာမြို့နယ်ရဲခစန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်တင့်နိုင်က '' ကျူးလွန်သွားတယ်လို့ ယူဆရတဲ့ သူက လှိုင်သာယာမြို့နယ်၊ ၂၀ရပ် ကွက်မှာရှိတဲ့ သူ့ရဲ့သူငယ်ချင်းနေအိမ်မှာ ဖမ်းဆီးခဲ့ပါတယ်။ အခု အမှုခိုင်မာအောင် တည်ဆောက်ပြီးတော့ တရားစွဲဆိုတင်ပို့နိုင်ဖို့ ဆောင်ရွက်နေပါတယ်'' ဟု ပြောကြားခဲ့ သည်။

ယင်းကဲ့သို့ ကျူးလွန်သူကို ရွှေပြည်သာရဲစခန်း (ပ)၄၃၄/၂၀၁၂ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး အမှုစစ်မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

တောင်ကြီးမြို့တွင် လူသတ် ပစ္စည်းယူ အလောင်းဖျောက်ဖျက် တရားခံနှစ်ဦး ဖော်ထုတ် ဖမ်းဆီး ရမိ



တောင်ကြီး အောက်တိုဘာ ၂၅

ရှမ်းပြည်နယ် တောင်ကြီးမြို့ ဘုရားဖြူ ရပ်ကွက် ပန်းသစ္စာ လမ်းတွင် လူသတ်၊ ပစ္စည်းယူ၊ အလောင်း ဖျောက်ဖျက်သူ များ အား အောက်တိုဘာ ၁၉ ရက်က ဖော်ထုတ် ဖမ်းဆီး ရမိ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့ ညောင်ရွှေ ဟော်ကုန်း ရပ်ကွက် နယ်မြေ(၂) ခြင်္သေ့လမ်းနေ ဦးငွေစိုး သည် အောက်တိုဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီက အမှတ် (၂) ရဲစခန်းသို့ ရောက်ရှိ လာပြီး ၎င်း၏ ညီဖြစ်သူ ဦးငွေတိုး ၅၇ နှစ် (ဘ) ဦးခွေးမှာ လွန်ခဲ့သော ၁ဝ ရက်ခန့်က နေအိမ်မှ TOYOTA VITZ မော်တော် ယာဉ်တစ်စီး၊ တရုတ်နိုင်ငံလုပ် မော်တော် ဆိုင်ကယ် တစ်စီးနှင့် ဝ၉-၅၂၁ဝ၂၂၈ နံပါတ်ပါ လက်ကိုင်ဖုန်း တစ်လုံး တို့နှင့် အတူ ပျောက်ဆုံး နေကြောင်း လာရောက် သတင်း ပို့ခဲ့သည်။ ဆက်လက်၍ တောင်ကြီး အမှတ်(၂) ရဲစခန်းမှ (၁/၂ဝ၁၂)ဖြင့် ရေးဖွင့်၍ ဦးငွေတိုးနှင့် အတူ ပါသွားသော လက်ကိုင်ဖုန်းအား ဆက်သွယ်ရာ ကလောမြို့ရှိဖုန်းအရောင်း ဆိုင်တွင် ရောက်ရှိ နေသည်ကို သိရှိ ရသဖြင့် ၎င်းဖုန်းဆိုင် သို့သွား ရောက် စုံစမ်းရာ ဖုန်းကို အမည်မသိ လူတစ်ဦးမှ လာရောက် ရောင်းချခြင်း ဖြစ်ပြီး အောက်တိုဘာ ၁၈ ရက် ညနေ ၃ နာရီက ငွေလာ ရောက်ယူမည်ဟု သိရှိ ရသဖြင့် ရဲတပ်ဖွဲ့ ဝင်များမှ ဖုန်းလာ ရောင်းချ သူအား စောင့်ဆိုင်း ဖမ်းဆီးခဲ့ရာ ဇော်မျိုးစိုး (ခ)မျိုးစိုး ၂၄ နှစ်၊ (ဘ) ဦးစိုးတင့် အမှတ်(၄) ရပ်ကွက် ကလော မြို့နေ သူကို ဖမ်းဆီးရမိ ခဲ့သည်။

၎င်း၏ ထွက်ဆိုချက် အရ အောက်တိုဘာ ၁၁ရက် ည ၁၁ နာရီခွဲက ညီညီဝင်း(ခ) ထက်မြက် အောင် (၁၈)နှစ် (ဘ) ဦးအောင်စိုး အမှတ်(၁ဝ) ရပ်ကွက် ကလောမြို့နယ် နေသူနှင့် အတူ ဦးငွေတိုးကို ၎င်း၏ နေအိမ်တွင် သတ်ခဲ့ပြီး TOYOTA VITZ မော်တော်ယာဉ် တစ်စီး၊ တရုတ် နိုင်ငံလုပ် မော်တော် ဆိုင်ကယ် တစ်စီး၊ ဝ၉- ၅၂၁ဝ၂၂၈ နံပါတ်ပါ လက်ကိုင်ဖုန်း တစ်လုံး၊ ရွှေဒင်္ဂါး ဆွဲပြား (၂)ပြား၊ ကျောက်လက်စွပ် (၁)ကွင်း၊ ငွေလက်ကောက် တစ်ကွင်း စုစုပေါင်း တန်ဖိုး ငွေကျပ် ၉၅ သိန်း ကျော်ကို ယူဆောင်ပြီး ဦးငွေတိုး အလောင်းအား ၎င်းမော်တော် ယာဉ်ဖြင့် တင်ဆောင်၍ ရပ်စောက်- ပင်းတယသွား ကားလမ်း လမ်းဘေး မြောင်းအတွင်း ပစ်ထား ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက် သဖြင့် လူသတ်၊ ပစ္စည်းယူ၊ အလောင်း ဖျောက်ဖျက် သူ ဇော်မျိုးစိုး (ခ) မျိုးစိုးနှင့် ညီညီဝင်း (ခ) ထက်မြက်အောင် တို့နှစ်ဦးကို တောင်ကြီး အမှတ် (၂) ရဲစခန်းမှ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃ဝ၂/ ၃၉၂/ ၂ဝ၁/ ၁၁၄အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထား ရှိကြောင်း သတင်း ရရှိသည်။

ပျားဖွတ်ရန် ပျားအုံလိုက်ရှာရင်း သစ်ပင်တွင် ကြိုးဆွဲချ သေဆုံးနေသော လူသေအလောင်း တစ်လောင်းကိုမြင်တွေ့





စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာ ခရိုင်၊အရာတော်မြို့နယ်၊ဇရစ် ကျေးရွာ၏
အရှေ့ဘက် နှစ်ဖာ လုံခန့်ရှိ သနပ်ခါးခြံဝင်းတစ်ခုတွင်   ပျားဖွတ်ရန်
ပျားအုံလိုက်ရှာသူ တစ်ဦးက သစ်ပင်တွင်ကြိုးချသေ ဆုံးနေသော
လူသေအလောင်း တစ်လောင်းအား အောက်တိုဘာ   (၂၇)ရက်၊ညနေ (၅)နာရှိအချိန် ခန့်က
တွေ့ရှိခဲ့ကြောင်း အရာ တော်မြို့ခံတစ်ဦးက ပြောကြားသည်။“

“ဦးအောင်ဝင်းရဲ့သနပ်ခါးခြံ ဘက်မှ ပျားလိုက်ဖွတ်သူတစ်ဦး က ကြိုးဆွဲချပြီးသေဆုံးနေတဲ့လူ   သေအလောင်းကိုတွေ့ခဲ့ရတာဖြစ်  ပါတယ်””
ဟု ၎င်းင်းမြို့ခံတစ်ဦးကဆို ပါတယ်။

သစ်ပင်တွင်လူတစ်ဦးကြိုးဆွဲ  ချသေဆုံးနေခြင်းကို သက်ဆိုင်ရာ သို့ ဆက်
သွယ်မေးမြန်းရာတာဝန် ရှိသူတစ်ဦးက ““သေဆုံးသူက ဇရစ် ကျေးရွာနေ ကို—–အသက်(၄၀) နှစ်ဆိုသူဖြစ်ပါတယ်။

ပျားဖွတ်သွား တဲ့သူက လူသေအလောင်းကိုတွေ့ ရတာကြောင့် ကျေးရွာအုပ်ချုပ်
ရေးမှူး ဦးဝင်းဌေးက သက်ဆိုင် ရာ ရဲဌာနကိုအကြောင်းကြားခဲ့တာ  ဖြစ်ပါတယ်။ေ\

သေမှုသေခင်းအမှတ်  စဉ် ၁၂/၂၀၁၂အရ အရာတော် ရဲစခန်းက ဆောင်ရွက်
ထားပါတယ်”” ဟု တာဝန်ရှိသူ ရဲအရာရှိတစ်ဦး  ကပြောကြားခဲ့ပါသည်။

ကားမဝယ်ပေးလို့ ကြိုးဆွဲချသေတဲ့ ဆယ်ကျော်သက်


အသက်(၁၈)နှစ်အရွယ် ယူအေအီးနိုင်ငံသားဟာ ၎င်းအား ဆွေမျိုးတွေက ကားမဝယ်ပေးသည့်အတွက် Al Khaimah ရှိ Al Golan ဝန်းကျင်က သူ့အိမ်အတွင်းတွင် စနေနေ့က ကြိုးဆွဲချ သေကြောင်းကြံခဲ့ကြောင်း သိရသည်။
ထိုဆယ်ကျော်သက်ဟာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်က ရက်ပိုင်းအတွင်း လွတ်လာခဲ့သူဖြစ်ကြောင်းနှင့် ၎င်း၏ အမျိုးများက ၎င်းအား ကားဝယ်ပေးဖို့ ငြင်းဆိုခဲ့သည့်အတွက် ယခုလို ကြိုးဆွဲချသေခဲ့ကြောင်း သိရသည်။
၎င်း၏အလောင်းအား စနေနေ့မှာပင် မြှုပ်နှံခဲ့ကြောင်းလည်း သိရသည်။

အစ်ကိုက အကြိမ်ကြိမ် မတရားပြုကျင့်ခဲ့လို့ ၁၅နှစ်အရွယ်ညီမ ကိုယ်ဝန်ရ


တရုတ်နိုင်ငံ Perlis က Padang Besar မှာ အသက်၂၁နှစ်အရွယ် အစ်ကိုဖြစ်သူက အကြိမ်ကြိမ် မတရားပြုကျင့်ခဲ့လို့ ၁၅နှစ်အရွယ် ညီမဖြစ်သူမှာ ကိုယ်ဝန်ရရှိခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက အစ်ကိုဖြစ်သူက အကြိမ်ကြိမ် မတရားပြုကျင့်ခဲ့ပြီး ဘယ်သူ့မှ မပြောရလို့ ခြိမ်းခြောက်ခဲ့တာကြောင့် ညီမဖြစ်သူက ဘယ်သူ့မှ မပြောခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အဒေါ်လုပ်သူက တစ်ခုခုမှားယွင်းတယ်ထင်ရာမှ ဒီကိစ္စကိုသိခဲ့တာ ဖြစ်ပါတယ်။
သူမ၏အစ်ကိုဖြစ်သူအား ရက်သတ္တပတ် တစ်ပတ်ချုပ်နှောင်ထားခဲ့ကြောင်း သိရသည်။

Air Bagan လေယာဉ်မယ်မခိုင်စုနိုင်၏ လေယာဉ်ပျက်ကျမှု ကိုယ်တွေ့အဖြစ်အပျက်


ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်တွင် လေယာဉ်မယ်အဖြစ် တာဝန်ယူလိုက်ပါကာ ခရီးသည်များအား ကယ်တင်ခဲ့သည့် မခိုင်စုနိုင် (အကြီးတန်းလေယာဉ်မယ်၊ Air Bagan)က လေယာဉ်ဆင်းခါနီး ဂီယာချတဲ့ အချိန်ထိ အခြေအနေအားလုံး normal ပါ။ ဘီးနဲ့မြေကြီး ထိသွားချိန်မှသာ normal landed မဟုတ်ဘူးဆိုတာ သိလိုက်ရတာပါ။ ဖြစ်ဖြစ်ချင်းမှာ ကျွန်မအရေးပေါ်တံခါးကို ရအောင်ဖွင့်ပါတယ်။ ခရီးသည်တွေကို အပြင်ကို အမြန်ထွက်နိုင်အောင် အော်ပြောပြီး တံခါးကိုပြတယ်။ ကျွန်မဘက်က တံခါးက ရုတ်တရက် ဖွင့်လို့မရလို့ တစ်ဘက်အပေါက်ကနေ ထွက်ခိုင်းခဲ့ပါတယ်။
နောက်တော့ ကျွန်မဘက်ကတံခါးက ဖွင့်လို့ရသွားပြီး ခရီးသည်တွေကို လေယာဉ်ရဲ့ ဟိုဘက်တစ်ယောက် ဒီဘက်တစ်ယောက် ထွက်လို့ရအောင် စီစဉ်ပေးခဲ့တယ်။ တဖြည်းဖြည်းနဲ့ လေးဖက်ထောက်ပြီး ထွက်လာတဲ့ ခရီးသည်တွေကို တွေ့လာရတယ်။ လေယာဉ်မောင်လည်း အတူပါလာတယ်။ လေယာဉ်မောင်ထွက်လာပြီး နောက်လေယာဉ်မယ်တစ်ဦးက လေးဖက်ထောက်ပြီး ထွက်လာတာကို တွေ့ရတယ်။
သူက လေယာဉ်ရဲ့ နောက်ဆုံးခုံမှာ ထိုင်တာဖြစ်တဲ့အတွက် သူ့ကိုမြင်လိုက်ရတာနဲ့ ခရီးသည်ကုန်ပြီလို့ ကိုယ်တိုင်လည်း သတ်မှတ်လိုက်တယ်။ သင်ကြားခဲ့တဲ့ သင်ကြားမှုတွေမှာလည်း ဒီလိုပဲ သတ်မှတ်တယ်။ အဲဒီအချိန်မှာ လေယာဉ်ထဲမှာ မီးခိုးလုံးတွေက အရမ်းဝေ့နေပြီ။ တစ်ပေအကွာကိုတောင် မမြင်ရ တော့ဘူး။ ဒါကြောင့်မို့ အားလုံးအပြင်ကို ထွက်ကြပါလို့ ထပ်အော်ပြောခဲ့ပြီး အောက်ကို ဆင်းချလာခဲ့ပါတယ်။ နောက်ဆုံးဆင်းလာတဲ့ လေယာဉ်မယ်ကလည်း သူ့ရဲ့ခေါင်းကို မီးဟပ်ခံခဲ့ရပါတယ်။
လယာဉ်အပြင်ဘက်ကို ရောက်တာနဲ့ ကျွန်မတို့ လေယာဉ်မောင်မယ်တွေက ဒဏ်ရာရတဲ့ခရီးသည်တွေကို ဟဲဟိုးဆေးရုံပို့နိုင်ဖို့ စုစည်းထားပြီး ကျွန်မတို့ Air Bagan လေကြောင်းလိုင်းက ကယ်ဆယ်ရေးအဖွဲ့တွေ လာတာကို စောင့်ခဲ့တယ်ဟု ၎င်း၏ လေယာဉ်ပျက်ကျမှု ကိုယ်တွေ့အဖြစ်အပျက်အား EMG သို့ ပြောပြခဲ့သည်။

ဘတ်စ်ကြပ်ကြပ်ထဲ (၁၆)နှစ်အရွယ် ကောင်မလေး၏ပေါင် သွားကိုင်တဲ့လူကို ထောင်ချ


စင်္ကာပူနိုင်ငံတွင် ဘတ်စ်ကားကြပ်ချိန်၌ Old Jurong  လမ်းမကြီးတလျောက်ပြေးဆွဲနေသော နံပါတ် (၁၇၄)ဘတ်စ်ကားထဲ အသက်(၅၈)နှစ်အရွယ် အမျိုးသားက ၎င်း၏အနီးအနားမှာရှိတဲ့ အသက်(၁၆)နှစ်အရွယ် မိန်းကလေးနှစ်ဦးအား မတော်တရော် ပြုမူခဲ့တဲ့အတွက် အင်္ဂါနေ့တွင် ထောင်ဒဏ် ရက်သတ္တပတ်(၁၅)ပတ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
သူ့ဘေးနား မတ်တပ်ရပ်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘယ်ဘက်ပေါင်ကို ၎င်းက မိန်းကလေး၏ သဘောတူညီချက်မရှိဘဲ ထိတွေ့ကိုင်တွယ်ခဲ့တယ်လို့ သိရပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management