Showing posts with label အင်းစမ တော်များ. Show all posts
Showing posts with label အင်းစမ တော်များ. Show all posts

Friday, March 29, 2013

ဘေးကင်းစေသော နငယ်ကွင်းပိတ် အဆောင်


မိတ်ဆွေများခင်ဗျား.....

သင်တို့၏ ဘ၀ခရီးလမ်းမှာ ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းတွေမှာ (ဒါမှမဟုတ်) မိသားစုတွေမှာ အခက်အခဲတွေ၊ ရန်တွေ ပြဿနာတွေ အထစ်အငေါ့တွေ၊ အပိတ်အစို့တွေ ကြုံတွေ့နေရတယ်ဆိုရင် ဒီအောက်ဖက်မှာ ဖောပြပေးထားတဲ့ အဆောင်လေးကို ဆောင်ထားလိုက်ပါ။ အဲဒီနငယ် နကွင်းပိတ် အဆောင်လေးကို ဖယောင်းတိုင်မှာ ရေးဆွဲပြီးလည်း မီးထွန်းနိုင်ပါတယ်။ မီးထွန်းတဲ့အခါမှာလည်း ညနေဆည်းဆာ နေ၀င်ချိန်မှာ ထွန်းပါ။ အနည်းဆုံး (၉)ရက်ဆက်တိုက် မီးထွန်းဆုတောင်းလိုက်ပါက မိသားစုတွင် ကြုံတွေ့နေရသော ရန်အန္တရယ်များသည် ရက်ပိုင်းအတွင်း ပြေလည်သွားသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရပေလိမ့်မည်။




အင်းစမတော်များကိုစုပေါင်း၍တင်ပေးလိုက်ပါသည်




ကျွန်တော့်ရဲ့ ဆိုက်လေးထဲကို အလည်အပတ် ရောက်လာသူများ အဆင်ပြေစေရန်အတွက် အင်းစမတော်များကို တစ်နေရာထဲတွင် စု၍ တင်ပေးလိုက်ပါတယ်။ ဘယ်လိုသုံးရမည်ကို မသိသူများအတွက် အနည်းငယ် ပြောပြချင်ပါတယ်။ မိမိတို့ ကိစ္စအသီသီးအလိုက် အင်းစမတော်ကို ရိုးရိုးဖယောင်းတိုင်တွင် ပတ်၍ မီးထွန်း ဆုတောင်းပါ။ အင်းဖယောင်းတိုင်ကို ကိုယ်တိုင် စနစ်တကျ မလုပ်တတ်ပါက ဒီနေရာတွင် အင်းဖယောင်းတိုင် စီရင်ပုံ ပို့လေးကို တင်ထားပါတယ် ပြန်ဖတ်ကြည့်ပါ။

ဒီအင်းစမတော်ကတော့ အတိုက်အခိုက်တွေကို တန်ပြန်တဲ့ အင်းစမတော်ပါ။
ဒီစမတော်ကတော့ အချစ်ရေး အိမ်ထောင်ရေး သာယာစေပါတယ်။
ရန်ဘေးဟူသမျှ လွတ်မြောက်စေတဲ့ အင်းစမတော်ပါ။

ပီယနှင့်ပါတ်သက်ပါတယ် အလယ်မှာ ကိုယ့်မွေးနံထည့်၍ မီးထွန်းပါ။


မိမိအိမ်မှ မနေစေချင်သူများကို ထွက်သွားစေတဲ့ အင်းစမပါ။
အိမ်ကနေ ထွက်သွားတဲ့သူကို ပြန်ခေါ်တဲ့ အင်းစမတော်ပါ
အလုပ်နေရာ အိမ်နေရာ မြဲစေပါတယ်။
ငွေကြေးပြေလည်စေသောအင်းစမတော်ပါ။
အမှု့ကိစ္စအတွက် သုံးတဲ့အင်းစမတော်ပါ။
သူခိုးဖမ်းတဲ့အင်းစမတော်ပါ။
စိတ်ထဲတွင် မီးတာက်မီးလျှံများ လောင်မြိုက်နေချိန်တွင် ထွန်းပါတယ်။
ဖုံးကွယ်နေသော ပစ္စည်းများကို ရှာဖွေရာမှာ သုံးပါတယ်။
မင်္ဂလာကိစ္စအောင်မြင်ရန် သုံးပါတယ်။
မိမိသဘောအတိုင်း တစ်ဖက်လူက လိုက်နာဆောင်ရွက်စေရန် သုံးပါတယ်။

ကျန်းမာရေးကောင်းဘို့နျင့် ပစ္စည်းဥစ္စာ ကာကွယ်ဖို့ သုံးပါတယ်။

မိမအလိုရှိတဲ့ ကိစ္စကို အလယ်တွင်ရေး၍ မီးထွန်းပါ။

လွယ်ကူစွာ ငွေကြေး ချောင်လည်စေရန် သုံးပါတယ်

အမှားအယွင်းများကို ပြင်ဆင်ပေးပါတယ်

အမျိုးသမီးများ အကာအကွယ်ရဖို့ ၊


အမျိုးသမီးများ အကာအကွယ်ရဖို့ ၊ အမှားတွေကို ပြင်ဆင်ဖို့ ၊ အခက်အခဲများမှ လွတ်မြောက်ဖို့ ၊ ငွေကြေးလာဘ်ရွှင်ဖို့ ၊ ကျန်းမာရေးကောင်းဖို့

ဒီအင်း စမတော်ကိုတော့ ဣတ္ထိယ သဘာဝ အစွမ်းပြသော စမတော် ဖြစ်ပါတယ်။ ဘယ်လိုနေရာမှာ အသုံးပြုရသလဲဆိုတော့ အမျိုးသမီးများအတွက် သီးသန့် ဖြစ်ပါတယ်။ အမျိုးသမီးတွေ အင်းအား သုံးတဲ့နေရာမှာ အသုံးပြုရပါတယ်။ အမျိုးသမီး တစ်ဦးဟာ တစ်စုံတစ်ယောက်ရဲ့ အနိုင်ကျင့်မှု့ကို ခံနေရတယ်ဆိုပါစို့။ အဲဒီ အနိုင်ကျင့်မှု့ကနေ လွတ်မြောက်ဖို့ ၊ မိမိဘက်က အသာစီးရဘို့ ၊ အနိုင် ပြန်လို ချင်တဲ့ အခါမျိုးတွေမှာ သုံးသင့်ပါတယ်။ အိမ်ထောင်ရေး ကိစ္စတွေမှာလည်း အကျိုး ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဘယ်လို သုံးရမလဲဆိုပါတော့ ဖယောင်းတိုင်မှာ ပတ်ပြီး မီးထွန်း ဆုတောင်းနိုင်ပါတယ်။



ဒီစမတော်ကတော့ စွန့်စားရသောအခါများ၌ ပုဂ္ဂိုလ်ထူးအား တိုင်တယ်၍ ထွန်းရ သော စမတော် ဖြစ်ပါတယ်။ နောက်ပြီး အမှားအယွင်းများကို ကိုယ့်ဘက်က ပြင်ဆင်လိုတဲ့ အခါမျိုးတွေမှာလည်း အသုံး ပြုပါတယ်။ ဥပမာ ကိစ္စတစ်ခုကို ကိုယ်က စွန့်စားပြီး လုပ်ရတော့မယ်။ အောင်မြင်မယ်။ မအောင်မြင်ဘူး ။ မသေချာဘူး။ အဲဒီလို အခါမျိုးတွေမှာ အသုံးပြုပါတယ်။ အိမ်ထောင်ရေး ၊ စီးပွားရေး ဘာကိစ္စတွေမှာပဲ ဖြစ်ဖြစ် စွန့်စားရမယ်ဆိုရင် အသုံးပြုပေါ့နော်။ နောက်ပြီး ကိုယ်က ကိစ္စတစ်ခုကို အမှားပြုမိတယ်။ အဲဒါကို ကိုယ်က ပြန်လည် ပြင်ဆင်လိုတယ်။ အဲဒီလို အခါမျိုးတွေမှာလည်း တစ်ဖက်လူ လက်ခံအောင် အသုံးပြုလို့ ရပါတယ်။

ဒီအင်းတော်ကြီးကတော့ ၀ိမုတ္တိအရိယာ အင်းတော်ကြီးလို့ ခေါ်ပါတယ်။ အဘဘိုးမင်း ခေါင် စီရင်သော ရန်ဘေးဟူသမျှ လွတ်ကင်းသော အင်းတော်ကြီးလို့ စာမှာပါတယ်။ ၀ိမုတ္တိဆိုတဲ့အတိုင်း လွတ်မြောက်စေတဲ့ သဘောရှိပါတယ်။ ရန်အပေါင်း၊ ဘေးအပေါင်း ကနေ လွတ်မြောက်စေတယ်။ နောက်ပြီး စီးပွားရေး ။ လူမှု့ရေး အကျဉ်း အကျပ်ကနေ လွတ်မြောက်စေတယ်။ စီးပွားရေး အခက်အခဲ ကြုံနေသူများ၊ ရန်အန္တရယ် ၀ိုင်းနေသူများ ၊လူမှု့ရေး အတိုက်အခိုက် ပေါများနေသူများ အသုံးပြုသင့် ပါတယ်။ အဖမ်းအစီး ၊ အချုပ် အနှောင်ကြုံနေသူများနှင့် ၊ ကြုံမည်ကို ကြိုတင်ပူပန် နေသူများ အတွက် သင့်တော် ပါတယ်။
ဒီစမတော်ကိုတော့ ပေါကြွယ်ဝခြင်းနှင့် ငွေကြေး ချောင်လည်စေခြင်းလို့ အဓိပ္ပါယ် ဖွင့်ဆို ပါတယ်။ ဘ၀မှာ ငွေကြေးလာဘ်လာဘ ရွှင်လန်းစေချင်တယ်ဆိုရင် အသုံးပြုပါ။ ထီပေါက် ချဲပေါက်အောင်။ ငွေရ အလှူ လုပ်ရတာတို့၊ ဈေးဆိုင် အရောင်း အ၀ယ်ကောင်း ပြီး လာဘ်လာဘ ရွှင်လန်းစေချင်တာတို့ ဆိုရပါတယ်။ တစ်စုံတစ်ယောက် ဆီက ငွေကြေးအကူအညီ လိုအပ်တဲ့အခါမျိုးတွေမှာလည်း အသုံးပြုလို့ ရပါ တယ်။ နောက်ပြီး လောင်းကစား အနိုင်ရလိုသောအခါ မျိုးတွေမှာလည်း သုံးလို့ ရပါတယ်။
ဒီစမတော်ကိုတော့ ကျန်းမာရေးေ ကာင်း စေခြင်းနှင့် ဆွေမျိုး သားချင်း များ နေထိုင်ေ ကာင်း စေ လိုတဲ့ အခါတွေမှာ သုံးပါတယ်။ နောက်ပြီး ပစ္စည်းဥစ္စာများကို ကာကွယ်စေ လိုတဲ့ အခါမျိုးတွေမှာ အသုံးပြုပါတယ်။ မိမိကိုယ်တိုင်ပဲ ဖြစ်ဖြစ် ၊ မိသားစု တစ်စုံ တစ်ယောက်ပဲ ဖြစ်ဖြစ် နေထိုင်မကောင်းဘူးဆိုရင် မီးထွန်း ဆုတောင်းလို့ ရပါ တယ်။ နောက်ပြီး ဆေးမတိုးတဲ့ လူနာတွေ ၊ ရောဂါ မပျောက်ကင်းတဲ့ လူနာတွေအတွက် သင့်တော် ပါ တယ်။ နောက်ပြီး မိမိအိမ်ကို သူခိုး မ၀င်စေချင်တဲ့ အခါမျိုးတွေမှာ- နောက်ပြီး မိမိ၏ ပစ္စည်းဥစ္စာ ဓနတွေကို ကာကွယ်စေချင်တဲ့ အခါတွေမှာလည်း အသုံးပြုလို့ရပါတယ်။

အသုံးပြုပုံကတော့ ( အထက်ပါ အင်းစမတော်ကို ပရင့်ထုပ်ပါ။ ဖယောင်းတိုင်တွင် ပတ်ပါ။ အောက်ဖက်မှာ ကြွေပုဂံ ခံထားပြီး မီးထွန်း ဆုတောင်းပါ။)

ပီယ ၊ ကိုယ်လုံ ၊ လာဘ်ခေါ်အင်းစမတော်များ


ပီယ ၊ ကိုယ်လုံ ၊ လာဘ်ခေါ်အင်းစမတော်များ





စမတော်ရေးဆွဲပုံ အဆင့်ဆင့်
  • နမောတဿ ဘဂ၀တော အရဟတော သမ္မာ သမ္ဗုဒ္ဓဿကို နှုတ်မှ ပူဇော်၍ “မ” အက္ခရာကို အရင်ဆုံးရေးပါ။
  • “၀ရ ဗုဒ္ဓေါ ၀ရ ဓမ္မော ၀ရ သံဃော” ဟု နှုတ်မှ ပူဇော်၍ ထိုမအက္ခရာပေါ်မှ “၀” ကို ဆက်ရေးပါ။
  • “သုဂတော” ဟု ရွတ်ဆို၍ “၀” အက္ခရာ၏ အပေါ်မှ “ကာ”နှင့် “၀” ၏ အောက်မှ “ယ” အက္ခရာကို ရေးဆွဲပါ။
  • “ပီယ၀ါယေ ပီယေမမ န၀မကာယ”ဟု ရွတ်ဆို၍ ပုံပါအတိုင်း “၀”၏ လက်ဝဲ၊ လက်ယျာတွင် နငယ်ကို ရေးဆွဲပါ။
  • ထို့နောက် စမတော်များနှင့် သက်ဆိုင်ရာ သိဒ္ဓိတင် ဂါထာတော်များနှင့် သိဒ္ဓိတင်ရပါမည်။
  • “မ”တစ်လုံး ကာယအရံအတား စမတော်အား သရဏဂုံသုံးပါး (၁၀၈)ခေါက်နှင့် သိဒ္ဓိတင်ရပါမည်။
  • “မ”နှစ်လုံးဆင့် လာဘ်ခေါ် စမပုံတော်အား ဘုရားဂုဏ်တော် ကိုးပါး (၁၀၈)ခေါက်နှင့် သိဒ္ဓိတင်ရပါမည်။
  • “မ” သုံးလုံးဆင့် လူချစ်နတ်ချစ် ပီယစမအား မေတ္တာသုတ် ပရိတ်တော် (၂၇)ခေါက်နှင့် သိဒ္ဓိတင်ရပါမည်။
  • ထို့နောက် ကိုယ်နှင့် မကွာဆောင်ထားခြင်း၊ ဈေးဆိုင် ၊ ကုမ္ပဏီစသော မြင့်မြတ်သောနေရာများတွင် ဆောင်ထားခြင်း၊ ဖယောင်းတိုင်တွင် ပတ်၍ မီးထွန်းဆုတောင်းခြင်းပြုလုပ်ပါက ထူးခြားသော အကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ပါကြောင်း...
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management