ယခုနှစ် ဆီးဂိမ်းစ် ပြိုင်ပွဲတွင်မှ ပထမဆုံး ပါဝင် ယှဉ်ပြိုင်ခဲ့သည့်
မြန်မာ့ လက်ရွေးစင် အမျိုးသမီး ဖူဆယ် အသင်းသည် ၎င်းတို့၏ ပထမဆုံး
ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ရယူနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာ့ လက်ရွေးစင် အမျိုးသမီး ဖူဆယ် အသင်းသည် ပြိုင်ပွဲအတွင်း
အိမ်ရှင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ် တို့နှင့်
ရင်ဆိုင်ခဲ့ရပြီး မြန်မာ အမျိုးသမီး အသင်းသည် ပြိုင်ပွဲတွင်
ထိုင်းအသင်းနှင့် ဗီယက်နမ် အသင်းတို့ကို ရှုံးနိမ့်ခဲ့သော်လည်း အိမ်ရှင်
အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် တို့ကိုမူ အနိုင် ရခဲ့သည်။ ပြိုင်ပွဲဝင်
အသင်း (၅)သင်းသာ ပါဝင်သည့် အဆိုပါ ပြိုင်ပွဲတွင် အုပ်စု ပတ်လည်စနစ်
ယှဉ်ပြိုင်ကြရ ခြင်းဖြစ်ရာ မြန်မာ အသင်းသည် (၂)ပွဲရှုံး၊ (၂)ပွဲနိုင် ဖြင့်
တတိယ နေရာတွင် ရပ်တည် နိုင်ခဲ့သောကြောင့် ယခုကဲ့သို့ တတိယ ကြေးတံဆိပ်
ရယူနိုင်ခဲ့ ခြင်းဖြစ်သည်။ မြန်မာ့ လက်ရွေးစင် အမျိုးသမီး ဖူဆယ် အသင်းကို
အမျိုးသမီး လက်ရွေးစင် ဘောလုံးသမားဟောင်း များဖြင့် ဖွဲစည်းထားခြင်း
ဖြစ်သည်။
စိတ်ဝင်စားဖွယ် စဉ်းစားဖွယ်
1 year ago


1/12/2013
mykyawthiha.blogspot.com
Posted in:

0 comments:
Post a Comment