skip to main |
skip to sidebar

3/10/2013

mykyawthiha.blogspot.com
No comments
မန္တလေး
အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးကို ထိုင်းလေကြောင်းလိုင်း
ဖြစ်သောထိုင်းAirwayက တစ်ပတ်လျှင် သုံးကြိမ်စီတိုက်ရိုက်
ပြေးဆွဲတော့မည်ဖြစ်ပြီး လေဆိပ်သို့ခရီးသည်အ၀င် ရန်ကုန်လေဆိပ်၏
သုံးပုံတစ်ပုံမျှရှိနိုင်ကြောင်း ၂၂-၂-၂၀၁၃ရက်က သိရသည်။ နိုင်ငံတကာ
လေကြောင်းလိုင်းများ တိုက်ရိုက် ဆင်းသက်မှု အားနည်းသော မန္တလေးလေဆိပ်ကြီးကို
ပြည်ပခရီးသည်များ လာရောက်မှု များပြားလာစေရန်အတွက် ခရီးသွားနိုင်သည့်
နေရာများကို တင်ပြထားသည် ဟုသိရသည်။ ''မကြာခင်နိုင်ငံတကာ
ပျံသန်းမှုတွေလုပ်ရမယ်လေ။နိုင်ငံတကာပျံသန်းမှုတွေ ရှိလာရင် နိုင်ငံတကာ
ဧည့်သည်အတွက် လိုအပ်နိုင်တဲ့အချက် တွေကိုခုကတည်းက ပြင်ဆင်ထားဖို့လိုပါတယ်''
ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးအောင်ဇော်ဝင်း ပြောကြားသည်။
''ခရီးသည်ဘယ်လောက် ၀င်မလဲဆိုတာတော့
မှန်းရခက်နေသေးတယ်။ ဒါပေမဲ့တစ်ရက် တစ်ရက်ကို ခရီးသည် ဘယ်လောက်
ဝင်တယ်ဆိုတာကို သေသေချာချာခရီးသည် အ၀င်လက်ခံပြီးမှသိရမယ်''ဟု၎င်းက
ပြောကြားသည်။ ''ဆင်းမယ့်လေယာဉ်တွေပေါ် မူတည်ပြီး ခရီးသည်ဝင်လာမယ့်
အားကလည်းတူမှာ မဟုတ်ပါဘူး'' ဟု၎င်းကပြောကြားသည်။ လတ်တလောတွင် ThaiAirwayနှင့်
MAIတို့သာလျှင် မန္တလေးမှ ဘန်ကောက်လေဆိပ်ကို ရောက်ရှိသည်ဟု ဦးအောင်ဇော်ဝင်းက
ပြောကြားသည်။
0 comments:
Post a Comment