ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီး လူ ၅ ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည်။
ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တခုတွင် ဖြစ်ပွားသော ပစ်ခတ်မှုတွင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၄ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်း ဖြစ်သည်။
အသတ်ခံရသူ အမျိုးသား၏ အမည်မှာ ဦးချာလီဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်တဦး ဖြစ်ကာ ဖူဂျီကော်ဖီဟောက်စ် ပိုင်ရှင်၏ ယောက္ခမ ဖြစ်သည်ဟု သိရသည်။ အခြား သေဆုံးသူများမှာ ဦးချာလီ၏ ဇနီးသည်၊ သမီး ၂ ဦးနှင့် အိမ်ဖော် ၁ ဦးတို့ ဖြစ်သည်။
အခင်းဖြစ်ပွားသော နေရာသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရသော အိမ်အမှတ် (၅၄) နှင့် နီးကပ်သလို၊ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီးတို့ (၄) ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သော စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာနှင့်လည်း နီးနီးကပ်ကပ် တည်ရှိသောနေရာ ဖြစ်သည်။
စစ်အစိုးရ၏ အစောင့်အကြပ်တပ်များ ထူထပ်ရာ အရပ်သားများ သေနတ်ကိုင်ဆောင်ခွင့် မပြုသော နိုင်ငံတွင် သေနတ်ပစ်ခတ် သတ်ဖြတ်မှုမှာ ရှားပါးလွန်းလှသည်။ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ အိမ်ရာတွင် သေနတ်ဖြင့် ပစ်သတ်ခံရ၍ သေဆုံးခဲ့သူ ဦးချာလီ၊ ဒေါ်သန်းသန်းမြင့်တို့မှာ ကျောက်ကုန်သည်များ ဖြစ်ကြသည်။ သေသူများ၏ နေအိမ်မှ ကျပ်သိန်း ၂၀၀၀ ခန့် ပျောက်ဆုံးသွားခဲ့သည်ဟု ယုံကြည်ရကြောင်း ရဲသတင်း ရပ်ကွက်က ပြောသည်။ ရန်ကုန်မှ ပေးပို့သော ကြေးနန်းသတင်းများတွင် ကျပ်သိန်း ၁၀၀၀ ပျောက်ဆုံးသည်ဟု ဆိုသည်။


4/04/2013
mykyawthiha.blogspot.com
Posted in:

0 comments:
Post a Comment