မေလ (၂၅) ရက် နေ့က ကွာလာလမ်ပူတွင် ပြည့်တန်ဆာအဖြစ် လုပ်ကိုင် စားသောက် နေသော နိုင်ငံခြားသူ အယောက် (၄၀)ကို ဖမ်းမိရာ တရုတ်နိုင်ငံသူ (၃၄)ဦး၊ မြန်မာ (၅)ဦး နှင့် အင်ဒိုနီးရှား (၁) ဦးတို့ အသီးသီးဖြစ်ကြောင်း စတားအွန်လိုင်း သတင်းစာက ထုတ် ဖေါ် ရေးသားထားသည်။
အဖမ်းခံထားရသော အမျိုးသမီးများ အားလုံးမှာ ဗီဇာရက်လွန် နေထိုင်သူများ ဖြစ်နေကြသည်ဟု ရဲက ပြောဆိုပြီး ဒေသခံများ၏ အဆိုအရ ”ဂျလန်ပုဒု” တဝိုက်ရှိ အပေါစားဟိုတယ်များနှင့် တွဲဖက်ဖွင့်ထားသော ကော်ဖီ ဆိုင်များတွင် နိုင်ငံခြားသူ အမျိုးသမီးများသည် အောက်ခံအဝတ် အစားများ ကိုသာ ဝတ်စားလျှက် လမ်းသွားလမ်းလာများကို ဖျားယောင်းသွေးဆောင် နေသည်ကို တွေ့ရကြောင်း၊ သိရှိရသည်။
ပြည့်တန်ဆာလုပ်ငန်းများ ကို အများမြင်နိုင်သော Bukit Aman Vice အမည်ရှိ လောင်းကစားနှင့် လှို့ဝှက် တရားမဝင်အဖွဲ့အစည်းဒေသ (၇) သည် နံနက် ၉နာရီမှ ညနေ ၃နာရီအထိ ကိုယ်ကျင့်သိက္ခာ ပျက်ပြားသော အလုပ်များကို ဗြောင်ကျကျလုပ်ကိုင်နေသည်ဟု ၎င်းတို့က ပြောဆိုသည်။ အဖမ်းခံရသူ များထဲတွင် အမျိုးသမီးများနှင့် အတူ ပုန်းအောင်းနေသော နိုင်ငံခြားသားနှစ်ဦးကိုလည်း ဖမ်းမိထားကြောင်း သိရှိရသည်။
စိတ်ဝင်စားဖွယ် စဉ်းစားဖွယ်
1 year ago


4/04/2013
mykyawthiha.blogspot.com
Posted in:

0 comments:
Post a Comment