ဆီတစ်ဂါလန်
ထည့်ထားရုံဖြင့် ၃၁၃မိုင်အထိ ခရီးနှင်နိုင်သည့် ကမ္ဘာ့စွမ်းအင် အချွေတာဆုံး
XL1ကားကို ဗောက်စ်ဝက်ဂွန် ကားကုမ္ပဏီက စတင်မိတ်ဆက်လိုက်ပါပြီ။
ထိုကားဖြင့်သာ မောင်းနှင်သွားမည်ဆိုလျှင် ၆၂မိုင်စာခရီးစဉ်အတွက် ၁ဒသမ၎
စတာလင်ပေါင်မျှသာ ကျသင့်မည်ဖြစ်သည်။ အဆိုပါကားတွင် ၈၀၀စီစီ
ဒီဇယ်အင်ဂျင်နှင့် အီလက်ထရွန်နစ် မော်တာတို့ကို တပ်ဆင်ထားသည်။ ထိုကားသည်
အီလက်ထရွန်နစ် မော်တာဖြင့် ၃၁မိုင်အထိ ခရီးနှင်နေချိန်မှာ
ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုမရှိဟု သိရသည်။ အီလက်ထရွန်နစ်
စွမ်းအင်နှင့် ဒီဇယ်စွမ်းအင် နှစ်မျိုးစလုံးကို အချိုးကျသုံးနိုင်သော
အဆိုပါဟိုက်ဘရစ်ကားသည် ၁၂စက္ကန့်အတွင်းမှာ ၆၂မိုင်အထိ အရှိန်တင်နိုင်ပြီး
အရှိန်အမြင့်ဆုံး ရောက်လာလျှင် တစ်နာရီ ၉၉မိုင်အထိ ခရီးနှင်နိုင်သည်။
ထို့ပြင်ကား၏အလေးချိန်မှာ ၇၅၅ကီလိုဂရမ်မျှသာ ရှိသောကြောင့်
ပေါ့ပေါ့ပါးပါးနှင့် ခရီးသွားလာရန် အဆင်ပြေသည်။
စိတ်ဝင်စားဖွယ် စဉ်းစားဖွယ်
1 year ago


3/04/2013
mykyawthiha.blogspot.com
Posted in:

0 comments:
Post a Comment