အရှေ့တောင်အာရှ အားကစားပွဲတော်ကြီး ကျင်းပရန်အတွက် တစ်နှစ်ကျော်သာ
ကျန်တော့သည့်အချိန်တွင်ဂျပန်နိုင်ငံက သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက်
ဘတ်စကားစီးရေ ၁၀၀ ကိုအားကစားဝန်ကြီးဌာနသို့ လှူဒါန်းသွားရန်ရှိနေကြောင်း
စုံစမ်းသိရှိရသည်။''ဂျပန် ISUZUက ကားစီးရေ ၁၀၀လှူဖို့ပြောထားပြီးသွားပြီ။
အားကစားဝန်ကြီးဌာနကိုလည်း အဆိုပြုလွှာတင်ထားတယ်''ဟု အဆိုပါ
အစီအစဉ်ကိုဆောင်ရွက်ပေးနေသည့် ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးက
အတည်ပြုပြောကြားသည်။ ISUZU မှ ကားလှူဒါန်းမှုတွင်အားကစားဝန်ကြီးဌာနဘက်မှ
တုံ့ပြန်မှုမကြားရသေးသော်လည်း လက်ခံရယူဖွယ်ရှိနေသည်ဟု သိရပြီး
ဂျပန်ဆိပ်ကမ်းရောက်ပြီး နောက်ပိုင်း လုပ်ငန်းဆောင်တာများကို
အားကစားဝန်ကြီးဌာနက ကိုင်တွယ်အကုန်အကျခံရမည်ဟု သိရသည်။''ဂျပန်က ကားစီးရေ
၁၀၀ လှူဖို့အဆိုပြုချက် တင်ထားတယ်။ ၀န်ကြီးကတောင် လက်ခံဖို့ပြောတယ်။
ကြားမှာစောင့်ဆိုင်းစရာလေးတွေရှိနေလို့ အသေးစိတ်အကြောင်းမပြန်ရသေးဘူး'' ဟု
အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါလှူဒါန်းမည့်ကားများကို ၀န်ကြီးဌာနကလည်း ဂုဏ်ပြုမှတ်တမ်းဖြင့်
လက်ခံသွားရန်ရှိကြောင်းလည်း သိရသည်။
စိတ်ဝင်စားဖွယ် စဉ်းစားဖွယ်
1 year ago


3/04/2013
mykyawthiha.blogspot.com
Posted in:

0 comments:
Post a Comment